ဒီဇင်ဘာ ၆ ရက် ၂၀၁၆
၂၀၁၇ ခုနှစ် ဧပြီလ(၁) ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သျှမ်းပြည်နယ် အတွင်း လစ်လပ်နေသော ပြည်နယ်လွတ်တော်အမတ် ၆ နေရာရှိရာ ၆ နေရာစလုံးရွေးကောက် ပွဲကျင်းပမည်ဖြစ်ကြောင်း သျှမ်းပြည်နယ်ဝန်ကြီးချုပ်က တရားဝင်ကြေငြာလိုက်သည်။
ဒီဇင်ဘာလ ၅ ရက်နေ့ကကျင်းပသော သျှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်း အဝေး အတွင်း ၀န်ကြီးချုပ် ဒေါက်တင်လင်းထွဋ်က ကြေငြာလိုက်ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်ကတိုက်ပွဲကြောင့်လုံခြုံမှုမရှိဟုဆိုကာ ရွေးကောက်ပွဲ ကျင်းပခွင့်မရခဲ့သော သျှမ်းပြည် အလယ်ပိုင်း ၂ မြို့နယ်အပြင်လက်ရှိတွင် လစ်လပ်နေသော ကျိုင်းတုံနှင့် ညောင်ရွှေမြို့နယ် တို့ရှိနေရာအတွက်ပါ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။
လက်ရှိတွင်လစ်လပ်နေသော မဲဆန္ဒနယ်များမှာ မိုင်းရှူးမြို့နယ် အမှတ် ၁ နှင့်အမှတ် ၂ ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ကျေးသီးမြို့နယ် အမှတ် ၁ နှင့် အမှတ် ၂ ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ကျိုင်းတုံမြို့တွင် ကွယ်လွန်သွားသော ပြည်နယ်လွှတ်တော် အမှတ် ၂ မဲဆန္ဒနယ်နှင့်ညောင်ရွှေမြို့တွင် ကွယ်လွန်သွားသော ပြည်နယ်အမှတ် ၁ မဲဆန္ဒနယ်တို့ဖြစ်သည်။
သျှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကို ဒီဇင်ဘာလ ၅ ရက်နေ့ကပြန်လည် ခေါ်ယူခြင်းဖြစ်ပါသည်။
ဒီဇင်ဘာလ ၆ ရက်နေ့လွှတ်တော်အစည်းအဝေးတွင် ပြည်ခိုင်ဖြိုး ပါတီ လားရှိုးမဲဆန္ဒနယ် အမှတ်( ၂) က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူက လက်ရှိသျှမ်းပြည်မြောက်ပိုင်းတွင် အစိုးရ တပ်မတော်နှင့်စစ်ရေးတင်းမာမှုဖြစ်ပွါးနေသော မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ (KIO , TNLA , MNDAA , AA ) အား အကြမ်းဖက်အဖွဲ့အ စည်းအဖြစ်သတ်မှတ်ရန် အဆိုတင်သွင်းလိုက်ပါသည်။
သျှမ်းသံတော်ဆင့်၊ ယိင်းတိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
သျှမ်းပြည်နယ်လစ်လပ်မဲဆန္ဒနယ်များစာရင်း အရေးပေါ်လွှတ်တော်အစည်း အဝေးတွင်ထုတ်ပြန်
Reviewed by THITHTOOLWIN
on
16:02
Rating:
