![]() |
ရွှေဆွဲကြိုး လုယူထွက်ပြေးသွားသူအား စုံစမ်းဖမ်းဆီးအရေးယူထား |
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကွက်သစ်ရပ်ကွက်နေ ဦးစိုးလွင်၏ နေအိမ်တွင်ဖွင့်လှစ်ထားသည့် ရွှေဆိုင်သို့ ရွှေလာရောက်ဝယ်သူ အမည်မသိအမျိုးသားတစ်ဦးမှ (၁)ကျပ်၊ (၁)ရွေး၊ (၁)ခြမ်းရှိ ရွှေဆွဲကြိုး တစ်ကုံးအား လုယူထွက်ပြေးသွားကြောင်း သိရသည်။
လုယက်မှုအား မင်းလှမြို့မရဲစခန်းသို့ အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့ဝင် များက ရွှေဆိုင်တွင်တပ်ဆင်ထားသည့် CCTV မှတ်တမ်းအား သွားရောက်စစ်ဆေးရာ လုယူ ထွက်ပြေးသွားသူမှာ မင်းလှမြို့၊ ရုံးရပ်မြောက်ပိုင်းရပ်ကွက်နေ ဇော်လင်းနိုင်(၂၄)နှစ်ဖြစ်ကြောင်း သိရှိပါသည်။
အဆိုပါ လူယူထွက်ပြေးသွားသူအား လိုက်လံဖမ်းဆီးခဲ့ရာ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး ဆွဲကြိုးရောင်းရသည့်ငွေဖြင့် ဆိုင်ကယ်တစ်စီးနှင့် ရွှေဆွဲကြိုးတစ်ကုံးတို့အား ဝယ်ယူထားကြောင်း သိရှိရသောကြောင့် သက်သေခံပစ္စည်းများသိမ်းဆည်းပြီး ဇော်လင်းနိုင်အား မင်းလှမြို့မရဲစခန်း(ပ)၃၅၆/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။
သစ်ထူးလွင်
မင်းလှမြို့ မှာ ရွှေဆွဲကြိုး လုယူထွက်ပြေးသွားသူအား ဖမ်းမိ
Reviewed by THITHTOOLWIN
on
20:34
Rating:
