သာကေတ ၁၀ မြောက်ဈေးတွင် ဈေးသည်ချင်း အချင်းများရာမှ လူစုဝေးမှုဖြစ်ပွား


ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၁၀ မြောက်ရပ်ကွက် ရတနာပုံ ၁ လမ်းထောင့်ရှိ စတိုးဆိုင်ရှေ့တွင် ပိတ်၍ရောင်းနေသောဈေးသည်များကို ဖယ်ပေးရန်ပြောဆိုရာမှ ကုန်စိမ်းဈေးသည်များက ဖယ်မပေးသည့်အတွက် စကားများရန်ဖြစ်ကြခြင်းဖြစ်ပြီး လူစုလူဝေးဖြစ်ပွားခဲ့ကြောင်း ၁၀ မြောက်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က ပြောသည်။


နံနက် ၆ နာရီ ၃၀ ခွဲတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စတိုးဆိုင်မှ ဒိုးလေးဆိုသူက ပျံကျဈေးသည်များအား သံတုတ်ဖြင့်စတင်ရိုက်နှက်ခဲ့ပြီး စကားများရန်ဖြစ်ခဲ့ရာ ဈေးသည်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၄င်းကပြောသည်။ လက်ရှိအချိန်၌ သာကေတရဲစခန်းတွင် ဒိုးလေးဆိုသူနှင့် ပျံကျ ဈေးသည်အချို့အား ခေါ်ယူမေးမြန်းလျက်ရှိကြောင်း သိရသည်။

လင်းလင်းအောင်/မင်းဇာနည်
News Watch
https://www.facebook.com/NewsWatchJournal/
သာကေတ ၁၀ မြောက်ဈေးတွင် ဈေးသည်ချင်း အချင်းများရာမှ လူစုဝေးမှုဖြစ်ပွား သာကေတ ၁၀ မြောက်ဈေးတွင် ဈေးသည်ချင်း အချင်းများရာမှ လူစုဝေးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 12:11 Rating: 5
Powered by Blogger.