အသက် ၁ဝ၁ နှစ်အရွယ်ရှိ ဗြိတိန်အဖိုးအိုတစ်ဦး ကလေးမုဒိမ်းမှုဖြင့် အစစ်ဆေးခံရ

သက်ငယ်မုဒိမ်းမှုကျူးလွန်ကြောင်း စွပ်စွဲခံထားရသည့် ဗြိတိန်အဖိုးအို Ralph Clarke အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    လန်ဒန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

    ဗြိတိန်နိုင်ငံသား အသက် ၁ဝ၁ နှစ်အရွယ်ရှိ အဖိုးအိုတစ်ဦးသည် နိုင်ငံ၏ တရားစီရင်ရေးသမိုင်းတွင် အသက်အကြီးဆုံး တရားခံတစ်ဦးဖြစ်လာရန် ယုံကြည်ရကြောင်း နှင့် ၄င်းသည် ကလေးမုဒိမ်းမှုများ ဖြင့် တရားရင်ဆိုင်နေရကြောင်း ဒေသတွင်းမီဒီယာများက ဒီဇင်ဘာလ ၅ ရက်တွင် သတင်းဖော်ပြခဲ့ကြသည်။

၁၉၇၄ ခုနှစ် မှ ၁၉၈၃ ခုနှစ်အတွင်း ယောကျာ်းလေး ၂ ဦး နှင့် မိန်းကလေးငယ် ၁ ဦး အပါအဝင် ကလေးငယ် သုံးဦးအား လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ပေါင်း ၃၁ ခုကို ဘာမင်ဂမ်မြို့ သား အဖိုးအို Ralph Clarke က ငြင်းဆိုထားသည်။ ၄င်းကလေးငယ်များတွင် အသက် ၇ နှစ်အရွယ်မျှသာရှိသေးသော ကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း ဘီဘီစီ သတင်းက ဖော်ပြခဲ့သည်။

“ ထိတ်လန့် ဖွယ်ရာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု သမိုင်းကြောင်းတစ်ခု” ကို ဖော်ထုတ်ခြင်းအဖြစ် ကျူးလွန်ခံခဲ့ရသူ နှစ်ဦးသည် ၂ဝ၁၅ ခုနှစ် သြဂုတ်လတွင်  Clarke အား ရဲစခန်း၌ အမှုဖွင့်ခဲ့ကြောင်း အစိုးရရှေ့ နေက တရားခွင်တွင် ပြောကြားခဲ့သည်။

ကုန်တင်ကားမောင်းသမား(ဟောင်း) အဖိုးအိုအား ပြီးခဲ့သော မေလက တရားခွင်၌ အကျဉ်းချုံးစစ်ဆေးမှုအပြီးတွင် ခြွင်းချက်ဖြင့် အာမခံပေးခဲ့ကြောင်း သိရသည်။ နှစ်ပတ်ကြာ့ပုလုပ်ခဲ့သော စစ်ဆေးမှုတွင် အဖိုးအို၏ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ များကြောင့် တစ်ရက်လျှင် ၄ နာရီကြာ သက်သေတစ်ဦးကို သာ တရားရုံးက စစ်ဆေးမှုပြုလုပ်ခဲ့သည်။

သို့ သော် “ အမှုဖြစ်စဉ်က တရားမျှတနေသမျှကာလပတ်လုံး  ၊ သက်သေတွေက ရှင်းလင်းနေသမျှကာလပတ်လုံး” အသက်ရွယ်အပိုင်းအခြားသည် တရားခံတစ်ဦးအား တရားခွင်သို့ ပို့ ဆောင်ရန် အတားအဆီးတစ်ခုမဟုတ်ကြောင်း အစိုးရရှေ့ နေက ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
အသက် ၁ဝ၁ နှစ်အရွယ်ရှိ ဗြိတိန်အဖိုးအိုတစ်ဦး ကလေးမုဒိမ်းမှုဖြင့် အစစ်ဆေးခံရ အသက် ၁ဝ၁ နှစ်အရွယ်ရှိ ဗြိတိန်အဖိုးအိုတစ်ဦး ကလေးမုဒိမ်းမှုဖြင့် အစစ်ဆေးခံရ Reviewed by THITHTOOLWIN on 16:23 Rating: 5
Powered by Blogger.