မန္တလေးမြို့ ၌ ပေါက်ကွဲစေတက်သော ပစ္စည်းများ ဖမ်းဆီးရမိ


မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ ရပ်ကွက် အကွက် (၂၉၄) ကျောင်းကုန်းရပ်ရှိ ရေပန်းဘုန်းကြီးကျောင်းတိုက်ဝန်း ၊လက်ဖက်အုပ်ဘုန်းကြီးကျောင်း အတွင်း ၌ ဒီဇင်ဘာလ (၁၁)ရက်နေ့  မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က လျှပ်စစ် ဒီတိုနီတာ များ သိုလှောင်ထားကြောင်း သတင်းအရ ရှာဖွေရာ ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် စပ်ဆက်ပစ္စည်းများ ဖမ်းဆီးရမိကြောင်းသိရသည်။


ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး မှုခင်းအကူဌာနစု ဒုတိယရဲမှူး ဌေးမြင့် နှင့်အဖွဲ့ ၊ နယ်မြေခံ အမှတ်(၇) စခန်းမှူး ၊ နယ်မြေခံ စစ်အင်ဂျင်နီယာတပ်ရင်း (၉၁၀) ၊ရပ်ကွက် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ သည် သတင်းအရ ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါကျောင်းဝန်းအတွင်း ရပ်ထားသော ယာဉ်အမှတ်( MDY-8H/1725) လိုက်ထရပ် ယာဉ်၏ ခေါင်းခန်းတွင် သူရိန်ဖြိုး(ခ)သူရိန် အား တွေ့ရှိပြီး နောက်ခန်းတွင် တင်ဆောင်ထားသော အမိုးနီးယား နိုက်ထရိတ် မြေဆီအိတ် (၄) အိတ် အနက် မြေဆီအိတ် တစ်အိတ် အတွင်းမှ ရောင်စုံဝါယာကြိုးများ တပ်ဆင်ထားသော တရုပ်နိုင်ငံထုတ် ဒီတိုနီတာ (ခ) လျှပ်စစ် စနစ်တံ (၂၀၀)ချောင်း ၊ ယင်းဘုန်းကြီးကျောင်းအတွင်း ရှိ ကိုရဲစိမ်းအောင် နေထိုင်သော အဆောက်အဦးမြေအောက်ခန်းမှ ရောင်စုံဝါယာကြီုးများ တပ်ဆင်ထားသည့် တရုတ်နိုင်ငံထုတ် ဒီတိုနီတာ (ခ)လျှပ်စစ် စနစ်တံ (၁၃၁) ချောင်း နှင့် အိန္ဒိယနိုင်ငံထုတ် SOD တံဆိပ်ပါ မီးရှို့ ဒီတိုနီတာ(၁၇၃)ချောင်း အား ဂျပ်စက္ကူဘူးအတွင်းထည့်လျက် လည်းကောင်း၊လူမနေသည့် အဆောက်အဦး ပစ္စည်းသိုလှောင်ရုံ (၃)လုံး အတွင်းမှ GARRY တံဆိပ်ပါ ပီနံအိတ်ချူပ်စက်တစ်လုံးနှင့် SONY တံဆိပ်ပါ ပီနံအိတ်ချုပ်စက် (၁)လုံး၊ အရှည်(၂၅)ပေခန့်ရှိ မီးပလပ်ခုံပါ မီးကြိုးတစ်ချောင်း ၊စင်ထွာ တံဆိပ်ပါ ဒီဂျစ်တယ်ကတ္တားတစ်လုံး နှင့် ပေါက်ကွဲစေတက်သော ပစ္စည်းများနှင့် ရောစပ်အသုံး၍ ရသော မြေဆီအိတ်မျိုးစုံ(၂၅၀)လုံး ၊ မီးသွေးအိတ်( ၂)လုံး ၊ ကိုရဲစိမ်းအောင် မောင်းနှင်သော MDY-5E/5539 CRV အဖြူရောင်ကားတစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ပေါက်ကွဲစေတက်သော ပစ္စည်းများ သိမ်းဆည်းရမိမှုနှင့်ပတ်သက်ပြီး နယ်မြေခံ အမှတ်(၇) ရဲစခန်းတွင် (ပ)၄၇၇/၂၀၁၆ ပေါက်ကွဲစေတက်သောဝတ္တူပစ္စည်းများအက်ဥပဒေပုဒ်မ(၅) အရ အမှုဖွင့်အရေးယူစစ်ဆေးလျက်ရှိကြောင်းသိရသည်။

ရွှေမန်း
https://www.facebook.com/shwe.mann.3139
မန္တလေးမြို့ ၌ ပေါက်ကွဲစေတက်သော ပစ္စည်းများ ဖမ်းဆီးရမိ  မန္တလေးမြို့ ၌ ပေါက်ကွဲစေတက်သော ပစ္စည်းများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 11:33 Rating: 5
Powered by Blogger.