ပြည် ဒီဇင်ဘာလ (၁၅)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ မှာ လင်မယားနှစ်ယောက်မှ ဆိုင်ကယ်မောင်းနှင် လာစဉ် အထက(၁) ကျောင်းအနီး အရောာက်တွင် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိ အမျိုးသားနှစ်ဦး လိုက်လာပြီး အမျိုးသမီးလက်ထဲမှ ပိုက်ဆံအိတ်အား လုယူထွက် ပြေးသွားသဖြင့် အော်ဟစ်ကာ နောက်မှ လိုက်ခဲ့ရကြောင်း သိရပါသည်။
ထိုသို့ လိုက်ရင်း အော်ဟစ်အကူအညီ တောင်းခဲ့သဖြင့် အနီးအနားရှိပြည်သူများ ဝိုင်းဝန်းလိုက်လံဖမ်းဆီးခဲ့ရာ ကမ်းနားလမ်း ခရစ္စယာန်ဘုရားကျောင်းရှေ့ အရောက်အခြားဆိုင်ကယ် တစ်စီးအား ဝင်တိုက်ကာ တိမ်းမှောက်ခဲ့သဖြင့် အဆိုပါ ပိုက်ဆံအိတ်လုထွက်ပြေးသူ အမည်မသိအမျိုးသားနှစ်ဦးအား ဒီဇင်ဘာလ(၁၅) ရက်နေ့ ည (၁၀)နာရီ (၂၅)မိနစ်အချိန်ခန့် ဖမ်းဆီးရမိခဲ့ကြောင်း ကနဦး သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
https://www.facebook.com/pyaynews
ဆိုင်ကယ်စီးသူ လင်မယားထံမှ ပိုက်ဆံလုပြေးသူ ဆိုင်ကယ်တိုက်မှုဖြစ်ရာမှဖမ်းမိ
Reviewed by THITHTOOLWIN
on
23:45
Rating:
