မကွေး ဒီဇင်ဘာ ၂၂
မကွေးမြို့ အောင်မင်္ဂလာရပ်ကွက်၊ ရန်ကင်း(၉)လမ်းနှင့် ယုဇနလမ်းထောင့်ရှိ ပိုင်ရှင် ဦးမိုးကျော်(၄၅)နှစ်၏ ရတနာစိုးပွဲရုံတွင် ယနေ့နံနက်(၂း၂၀)အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ ရတနာစိုးပွဲရုံအတွင်းတွင် မန်နေဂျာ ဦး၇န်နိုင်စိုး အသက်(၃၅)နှစ်သည် လျှပ်စစ်မီးဖိုဖြင့် ၀က်အူချောင်းကြော်ထားပြီး အိပ်ပျော်သွားရာမှ ဆီအပူလွန်ကဲရာ အနီးရှိ စားဆီပုံးများသို့ ကူးစက်ပြီးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ယင်းမီးလောင်ရာသို့ မကွေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှူး ဦးအောင်ဝင်းစိန် ဦးဆောင်ပြီး မီးငြိမ်း သတ်ယာဉ် (၁၂)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ဆည်မြောင်း ရေသယ်ယာဉ် (၁)စီး၊ ပုဂလိကရေသယ်ယာဉ်(၁)စီးပေါင်း(၁၉)စီး သွားရောက်ငြိမ်းသတ်ရာ နံနက်(၃း၃၀)အချိန်တွင် မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့ပါသည်။
မီးလောင်မှုကြောင့် (၄၀×၆၀)ပေသွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းအဆောက်အဦ(၁)လုံး၊ (၅၀×၆၀)ပေ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းအဆောက်အဦး(၁)လုံး၊ (၁၅×၃၀)ပေသွပ်မိုး၊ မြေစိုက်(အကာမပါ) ဂိုထောင်(၁)လုံး၊ ပေါင်း(၃) လုံး မီးလောင်ကျွမ်းခံရပြီး မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
ညီညီမောင်(မကွေး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မကွေးမြို့ စားသုံးဆီသိုလှောင်ရုံ မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
15:59
Rating:
