မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးလောင်မှုဖြစ်

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တီဗီအားခဲဂဟေဆော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အမှုဖွင့်အရေးယူ
ရန်ကုန်၊ ဒီဇင်ဘာ ၇

၆.၁၂.၂၀၁၆ ရက်နေ့ ၁၉၁၀ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ (၁၂၄)လမ်းရှိ အမှတ်(၂၁)မြေညီထပ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်ယာဉ်များရောက်ရှိ ငြှိမ်းသတ်ခဲ့ရာ ၁၉၂၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရှိရပါသည်။

ဖြစ်စဉ်မှာ အဆိုပါတိုက်ခန်းနေ လှမြင့်၊ (၃၆)နှစ်သည် တီဗီအားခဲဂဟေဆော်နေစဉ် ဂဟေဆော်ရာတွင်အသုံးပြုသည့် ခဲဂေါက်ဖွင့်ထားခဲ့ရာမှ တီဗီသို့မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တန်ဖိုးငွေကျပ် (၁၅၀၀၀၀)ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လှမြင့်အား မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်း(ပ)၈၇၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးလောင်မှုဖြစ်  မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 15:07 Rating: 5
Powered by Blogger.