၂၀၁၆ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့ ညနေ (၃)နာရီ အချိန်ခန့်တွင် တနင်္သာရီတိုင်း ထားဝယ်ရေနက်ဆိပ်ကမ်း၌ မော်တော်ယာဉ်တစ်စီး မဆင်မခြင် မောင်းနှင်သဖြင့် တိမ်းမှောက်ခဲ့ရာ ထိုင်းနိုင်ငံသားတစ်ဦး သေဆုံးပြီး ယာဉ်ပေါ်ပါလာသူ (၄)ဦး ဒဏ်ရာ ရရှိခဲ့သည်။
ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေနက်ဆိပ်ကမ်း ရဲစခန်းပိုင် နယ်မြေအတွင်း ထိန်ကြီးကျေးရွာ အီတာလျံ- ထိုင်း (ITD) ကုမ္ပဏီ ရေစင် အနီးတွင် ယာဉ်မောင်း သက်ဝေလွင် (ဘ) ဦးလှမောင်အေး၊ ထားဝယ်မြို့ နေသူမောင်းနှင်လာသော ( 9J . 5198 ) Hiace အဖြူရောင် ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ခြမ်းသို့ ထိုးကျ တိမ်းမှောက်သွားသဖြင့် ယာဉ်ပေါ်ပါသူ Mr Boon Chanoen (ထိုင်းနိုင်ငံသား) သေဆုံးပြီး (Mr Visid)ပွန်းပဲ့ဒါဏ်ရာ၊ Mr Kriang Krai(ကျောပြင်/၀မ်းဗိုက် )ညိုမဲဒါဏ်ရာ (မစိုးရိမ်ရ )၊ မစိုးစိုးမာ(စကားပြန် )နဖူးပြတ်ရှ၊ ယာလက်ဖျံရိုးကျိုး (မစိုးရိမ်ရ ) ဒါဏ်ရာများ အသီးသီး ရရှိခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအား ဥပဒေနှင့် အညီ အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။
တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
https://www.facebook.com/myeik.secret.news/
ထားဝယ်ရေနက် ဆိပ်ကမ်း၌ မော်တော်ယာဉ် တိမ်းမှောက် ၊ ထိုင်းနိုင်ငံသားတစ်ဦး သေဆုံး
Reviewed by THITHTOOLWIN
on
10:55
Rating:
