Big Bike ဆိုင်ကယ်စီးသူ အုပ်စုက အရွယ်မရောက်သေးသည့် မိန်းခလေးငယ်နှစ်ဦးအား ၀ိုင်းမုဒိန်းကျင့်


၆-၁၂-၂၀၁၆

ထိုင်းနိုင်ငံ ချွန်ဘူရီ ဘန့် လမုံ မြို့ နယ် အတွင်းမှာ Big Bikeဆိုင်ကယ်ကြီး စီးသူနဲ့  သူငယ်ချင်းဖြစ်နေတဲ့ အသက် (၁၄) နှစ်နဲ့  (၁၇)နှစ်အရွယ် မိန်း ခလေးနှစ်ဦးကို အချိုရည်ထဲမှာ ဆေးခတ်ပြီး အုပ်စုလိုက်ဝိုင်းမုဒိန်းကျင့်ခံရကြောင်း သိရပါတယ်။

မိန်းခလေးနှစ်ဦးနဲ့  စတင်သိကျွမ်းခဲ့သူက စားသောက်ဆိုင် ခေါ် သွားခဲ့ပြီး ကျန်တဲ့ဆိုင်ကယ်စီးအုပ်စုဝင်တွေက ဘန်ကလိုတစ်လုံး ကနေ စောင့်နေ ခဲ့ကြပါတယ်။


မိန်ခလေးငယ်နှစ်ဦး ဆေးမူးနေချိန်မှာ ဘန်ကလိုဆီကို ခေါ်သွားပြီးဝိုင်းမုဒိန်း ကျင့်ခဲ့ကြတာပါ၊ သတိ မေ့မျောနေတဲ့ မိန်းခလေးနှစ်ဦးကို ပတ္တားရား မြို့ နယ် ဆူကိုဗစ် လမ်းမဘေးမှာ ပစ်ထားခဲ့တာကို တာဝန်သိပြည်သူတစ်ဦး က တွေ့ ခဲ့ပြီး ရဲစခန်းကိုဖုန်းဆက် တိုင်ကြားပေးခဲ့တာပါ။


မိန်းခလေးငယ်နှစ်ဦးကို ဘန့်လမုန် ဆေးရုံမှာ အရေးပေါ်ဆေးကုသပေးနေပြီး Big Bike ဆိုင်ကယ်စီး တရားခံ တွေကို ရဲတပ်ဖွဲ့ ဝင်တွေက အပူ တပြင်း ရှာဖွေနေကြောင်းသိရတယ်။

SAW
Daily news
Social Action for Women - SAW
Big Bike ဆိုင်ကယ်စီးသူ အုပ်စုက အရွယ်မရောက်သေးသည့် မိန်းခလေးငယ်နှစ်ဦးအား ၀ိုင်းမုဒိန်းကျင့် Big Bike ဆိုင်ကယ်စီးသူ အုပ်စုက အရွယ်မရောက်သေးသည့် မိန်းခလေးငယ်နှစ်ဦးအား ၀ိုင်းမုဒိန်းကျင့် Reviewed by THITHTOOLWIN on 16:44 Rating: 5
Powered by Blogger.