ကရင်ပြည်နယ် ဘားအံမြို့ မြို့ဝင်ဂိတ်တခုတွင် မသင်္ကာဖွယ်ရာ ယာဉ်တစီးအား ဒီဇင်ဘာ ၉ နေ့ခင်းပိုင်းက ရှာဖွေစစ်ဆေးရာမှ ALP စီးပွားရေးတာဝန်ခံအပါအဝင် လူ ၃ ဦးကို လက်နက်ခဲရမ်းများဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
လှိုင်းဘွဲမြို့နယ်ဘက်မှ ဘားအံမြို့သို့ ဦးတည်မောင်းနှင်လသော Pajero ကား 2/G 9598 အား ကရင်ပြည်နယ် ဘားအံမြို့ လှာကမြင်ကျေးရွာအုပ်စု တောင်ကလေးမြို့ဝင်ဂိတ်တွင် မူးယစ်သတင်းတပ်ဖွဲ့က ရှာဖွေစစ်ဆေးရာ ကားထိုင်ခုံအောက်နေရာများတွင် သိုဝှက်သယ်ဆောင်လာသည့် AK 47 အမျိုးအစား သေနတ် ၁၉ လက် ကျည်တောင့် ၃၀၀ ကျော် ငွေသား ကျပ်သိန်း ၃၆၀ ကို ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကားပေါ်တွင် ALP ရခိုင်လွတ်မြောက်ရေးပါတီမှ စီးပွားရေးတာဝန်ခံ ခိုင်းမျိုးသိန်းပါ နှစ်ဦး စုစုပေါင်း ၃ ဦးလိုက်ပါလာကြောင်း လက်ရှိတွင် ဘားအံမြို့ မှုးယစ်အထူးရဲတပ်ဖွဲ့စခန်းတွင် စစ်ဆေးဆဲဖြစ်ကြောင်းသိရှိရသည်။
စောရိုဒင်
News Watch
https://www.facebook.com/NewsWatchJournal/
ဘားအံတွင် ALP စီးပွားရေး တာဝန်ခံအပါအဝင် လူ ၃ ဦးကို A-47 ဆယ့်ကိုးလက်နှင့်အတူ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
19:29
Rating:
