နိရဉ္စရာ၊ ဒီဇင်ဘာ ၂၂
ရက္ခိုင်တပ်မတော် AA တပ်ဖွဲ့ဝင် ထွန်းထွန်းနိုင်အား ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် တရားရုံးမှ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထောင် ၅ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။
“ထွန်းထွန်းနိုင်ကို လက်နက်ကိုင်ဆောင်မှု၊ နိုင်ငံတော် ပုန်ကန်မှုနဲ့ ထောင် ၅ နှစ် ချလိုက်ပါတယ်။ သူက ၀န်ခံလို့ ချလိုက်တာပါ။ ဒီနေ့ မနက်မှာပဲ စစ်တွေထောင်ကို ပို့လိုက်ပါပြီ”ဟု ရခိုင်အမျိုးသားပါတီ ရခိုင်သေ့တောင်မြို့နယ်မှ စာရင်းစစ်မှူး ဦးမောင်စိန်ဝင်းက နိရဉ္စရာ သတင်းဌာနသို့ပြောသည်။
ထွန်းထွန်းနိုင်ကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် လိုင်ဂွင်ကျေးရွာ အနီးတွင် လက်နက် ခဲယမ်းများနှင့် အတူ မြန်မာစစ်တပ်မှ ဖမ်းမိခဲ့ပြီး၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရဲတပ်ဖွဲ့သို့ လက်လွှဲပြောင်းခဲ့ကာ ပုဒ်မ ၁၇ (၁) ဖြင့် ရသေ့တောင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။
ယင်းသို့ တရားစွဲခံထားရပြီးနောက် ဒီဇင်ဘာလ ၂၁ ရက်နေ့က ရသေ့တောင်မြို့နယ် တရားရုံးမှ ထောင် ၅ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။
ဖမ်းဆီးခံထားရသူ ထွန်းထွန်းနိုင်သည် အသက် (၃၅) နှစ်ရှိပြီး (ဘ) ဦးအောင်ကျော်သာ၊ (မိ)ဒေါ်လှစိန်ဖြူတို့၏ သားဖြစ်ပြီး လွန်ခဲ့သော ၅ နှစ်က မြောက်ဦးမြို့နယ်၊ ကျီရာပြင်ကျေးရွာတွင် နေထိုင်ခဲ့သူ ဖြစ်ကြောင်း လေ့လာ သိရှိရသည်။
ဓါတ်ပုံ အမျိုးသားရေး နိုင်နိုင်
စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ရက္ခိုင်တပ်မတော် AA မှ ထွန်းထွန်းနိုင် ထောင် ၅ နှစ် ချမှတ်ခံရ
Reviewed by THITHTOOLWIN
on
16:57
Rating:
