နိုဝင်ဘာ ၇ရက်တွင် UN ကို မောင်တောဒေသခံများ ဆန္ဒပြမည်

(ပုံစာ- ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူးနှင့် နိုင်ငံတကာသံတမန်အဖွဲ့ဝင်များ ရခိုင်ပြည်နယ်သို့ ယမန်နေ့က လာရောက်စဉ်) ဓာတ်ပုံ-AFP
နိုဝင်ဘာလ(၃)၊ ၂၀၁၆

နိုဝင်ဘာလ ၇ရက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့၌ ဒေသခံများက UN (ကမ္ဘာ့ကုလသမဂ္ဂ)အဖွဲ့ကို ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း အဆိုပါဆန္ဒထုတ်ဖော်ပွဲအား စီစဉ်သည့် ရခိုင်လူမှုကွန်ရက်ထံမှ သိရသည်။

“UN က ထောက်ပံ့ပေးတာတွေက ရခိုင်တိုင်းရင်းသားတွေ မရဘူး။ ဘင်္ဂလီတွေကို ထောက်ပံ့ပေးတာ။ သူတို့ ထောက်ပံ့ပေးတာက ထောက်ပံ့ပေးသလို မဟုတ်ဘူး။ ဘင်္ဂလီတွေကို မြှောက်ပေးသလို ဖြစ်သွားပြီ ။ အဲဒါကြောင့် ကျွန်တော်တို့က ဆန္ဒပြတာ။ နောက် မနေ့က ကုလသမဂ္ဂက သံတမန်တွေ လာတဲ့အခါမှာလည်း တရားမျှတမှု မရှိဘူး။ ဒါတွေကြောင့် ဆန္ဒပြမှာ။”ဟု ရခိုင်လူမှုကွန်ရက်မှ ဦးစိန်လှဖြုက ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာလ(၇)ရက်တွင် မောင်တောမြို့ပေါ်၌ ကျင်းပပြုလုပ်ရန်အတွက် လူဦးရေ(၃၀၀)ဖြင့် မောင်တောမြို့နယ် ရဲတပ်ဖွဲ့ထံ ခွင့်ပြုမိန့်တင်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ အဲဒီနေ့မှာ ၁၂နာရီလောက်မှာ စပြီး မောင်တောမြို့ကို တစ်ပတ် ပတ်မယ်။ ပြီးရင် မောင်တောမြို့မှာရှိတဲ့ UN ရုံးရှေ့မှာ ဆန္ဒပြကန့်ကွက်သွားမှာပါ။”ဟု ဦးစိန်လှဖြူက ပြောသည်။

ထိုသို့ဆန္ဒထုတ်ဖော်ရာတွင် ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှု အက်ဥပဒေဖြင့် နိုင်ငံသားစိစစ်မှုကို အမြန်ဆုံး ပြုလုပ်ပေးရန်၊ ပြည်တွင်းကိစ္စသည် ပြည်တွင်းရေးသာ ဖြစ်သည်၊ အကြမ်းဖက်မှုကို အားပေးသည့် UN၊ INGO အဖွဲ့များ အလိုမရှိ၊ မြန်မာနိုင်ငံ ဥပဒေကို လိုက်နာပါ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖူးပွင့်သူ

SKY Land News & Entertainment Media
https://www.facebook.com/skyland.news

နိုဝင်ဘာ ၇ရက်တွင် UN ကို မောင်တောဒေသခံများ ဆန္ဒပြမည်  နိုဝင်ဘာ ၇ရက်တွင် UN ကို မောင်တောဒေသခံများ ဆန္ဒပြမည် Reviewed by THITHTOOLWIN on 17:08 Rating: 5
Powered by Blogger.