TPP အဖွဲ့ မှ နှုတ်ထွက်ရန် သမ္မတအဖြစ် ပထမဆုံး ရုံးတက်သည့်နေ့ တွင် ပြုလုပ်သွားမည်ဟု ဒေါ်နယ်ထရမ့် ကတိပြု

၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်က ပြုလုပ်သော အမေရိကန်သမ္မတ မဲဆွယ်ပွဲတွင် ဒေါ်နယ်ထရမ့်အားတွေ့ ရစဉ်(ဆင်ဟွာ)
 ဝါရှင်တန် ၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံသမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသော ဒေါ်နယ်ထရမ့်က ၄င်းရုံးတက်သည့် ပထမဦးဆုံးနေ့ တွင် (TPP) Trans-Pacific ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ မှ နှုတ်ထွက်ခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၁ ရက်က ထုတ်ဖော်ကြေညာလိုက်သည်။

“ ကျွန်တော်တို့ နိုင်ငံအတွက် အကြီးမားဆုံး ဘေးဥပါဒ်ဖြစ်နေတဲ့ Trans-Pacific ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ကနေ နှုတ်ထွက်ဖို့  သတိပေးချက် ပေးပို့ သွားမှာပါ” ဟု ထရမ့်က ဆိုသည်။

အမေရိကန်နိုင်ငံသမ္မတအဖြစ် ရာထူးဆက်ခံပြီး ပထမ ရက်ပေါင်း ၁ဝဝ အတွက် ပြုလုပ်မည့် မူဝါဒဆိုင်ရာများကို ဗီဒီယို မိန့် ခွန်းတိုတစ်ခုပြောကြားရာတွင် ထရမ့်က အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

“ မျှတတဲ့ နှစ်ဖက် ကုန်သွယ်ရေးသဘောတူညီမှုအတွက် ဆွေးနွေးနေမယ့် အစား အလုပ်အကိုင်တွေနဲ့ စက်ရုံတွေကို အမေရိကန်နိုင်ငံထဲကို ပြန်လည်ယူဆောင်လာဖို့ ပဲ လုပ်သွားပါမယ်” ဟု ၄င်းကဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ ပြင် ထရမ့်က စွမ်းအင် ၊ စည်းမျဉ်းစည်းကမ်း ၊ အမျိုးသားလုံခြုံရေး ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြုပြင်ပြောင်းလဲခြင်းဆိုင်ရာ ကျင့်ဝတ်များကိုလည်း ထိတွေ့ ကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

TPP အဖွဲ့ မှ နှုတ်ထွက်ရန် သမ္မတအဖြစ် ပထမဆုံး ရုံးတက်သည့်နေ့ တွင် ပြုလုပ်သွားမည်ဟု ဒေါ်နယ်ထရမ့် ကတိပြု  TPP အဖွဲ့ မှ နှုတ်ထွက်ရန် သမ္မတအဖြစ် ပထမဆုံး ရုံးတက်သည့်နေ့ တွင် ပြုလုပ်သွားမည်ဟု ဒေါ်နယ်ထရမ့် ကတိပြု Reviewed by THITHTOOLWIN on 16:34 Rating: 5
Powered by Blogger.