နေပြည်တော်၊ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့၏မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ မုံးစိန်ချောင်းကူးတံတားအား ယနေ့မွန်းတည့် ၁၂ နာရီခန့်တွင် TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲဖျက်ဆီးခဲ့သည်။
အဆိုပါ တံတားမှာ မုံးစိန်ကျေးရွာနှင့်မုံးတပ်ကျေးရွာတို့ကို ဆက်သွယ်ပေးထားသည့် အရှည် ၆၀ ပေ၊ အကျယ် ၁၅ ပေခန့်ရှိသည့် သံဘေလီတံတားအမျိုးအစားဖြစ်ပြီး ဒေသခံပြည်သူများအတွက် သွားလာရေး၊ ကုန်စည်စီးဆင်းရေးတွင် အဓိက အထောက်အကူပြုသည့် အများပြည်သူပိုင် တံတားဖြစ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
KIA / TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက တပ်မတော်စခန်းအားနှောင့်ယှက် ပစ်ခတ်တိုက်ခိုက်
နေပြည်တော်၊ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ ကွတ်ခိုင်မြို့၏ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာရှိ တပ်မတော်စခန်းအား ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် KIA / TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အင်အား ၁၀ ဦးခန့်က လက်နက်ကြီး/လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မတော်စစ်ကြောင်းမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်သဖြင့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
နမ္မတူမြို့အနီးရှိ မုံးစိန်ချောင်းကူးတံတားအား TNLA မိုင်းခွဲဖျက်ဆီး
Reviewed by THITHTOOLWIN
on
23:01
Rating:
