TNLA အကြမ်းဖက်သောင်းကျန်းသူများက လမ်းကြောင်းပိတ်ဆို့ခြင်း၊ တံတားဖောက်ခွဲဖျက်ဆီး မီးရှို့ခြင်းများပြုလုပ်

ပြည်သူများအသုံးပြုသွားလာနေသည့် လမ်းတံတားများအား TNLA အကြမ်းဖက်သောင်းကျန်းသူများက လမ်းကြောင်းပိတ်ဆို့ခြင်း၊ တံတားဖောက်ခွဲဖျက်ဆီးမီးရှို့ခြင်းများပြုလုပ်
နေပြည်တော်၊ နိုဝင်ဘာ - ၂၁

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက် ည ၈ နာရီခန့်တွင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးအား ကွတ်ခိုင်မြို့နယ်၊ နမ့်အွန်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၁၇၀၀ ခန့်အကွာရှိ မိုင်တိုင်အမှတ် ၂၆၂/၂ နေရာ၌ TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့က ယာဉ်ကြီး ၅ စီးအား ကန့်လန့်ဖြတ် ရပ်တန့်စေပြီး လမ်းကြောင်းပိတ်ဆို့ထား၍ တပ်မတော်စစ်ကြောင်းက ယင်းနေရာသို့သွားရောက်ပြီး လမ်းကြောင်းရှင်းလင်းမှုများဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၉ နာရီတွင် မော်တော်ယာဉ်များ ပုံမှန်ပြန်လည် သွားလာနိုင်ကြောင်း သိရှိရသည်။


အလားတူ နိုဝင်ဘာ ၂၀ ရက် ည ၉ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်တုံမြို့သွားကားလမ်း မိုင်တိုင် အမှတ်(၉)အနီး နမ့်လာချောင်းအား ဖြတ်ကူး တည်ဆောက်ထားသည့် အလျား ၆၅ ပေရှိ သစ်သားတံတားအား TNLA အကြမ်းဖက် သောင်းကျန်းသူများက မိုင်းဖောက်ခွဲ၍ မီးရှို့ ဖျက်ဆီးခဲ့သဖြင့် တံတားကြမ်းခင်းများ မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။


 TNLA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အများပြည်သူအသုံးပြု သွားလာနေသည့် လမ်းတံတား များအား လမ်းကြောင်းပိတ်ဆို့ခြင်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်နေခြင်း ကြောင့် အပြစ်မဲ့ပြည်သူများ ခရီးသွားလာမှုနှင့်ဒေသတွင်း ကုန်စည် စီးဆင်းမှုများစွာ ထိခိုက်စေကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
TNLA အကြမ်းဖက်သောင်းကျန်းသူများက လမ်းကြောင်းပိတ်ဆို့ခြင်း၊ တံတားဖောက်ခွဲဖျက်ဆီး မီးရှို့ခြင်းများပြုလုပ် TNLA အကြမ်းဖက်သောင်းကျန်းသူများက လမ်းကြောင်းပိတ်ဆို့ခြင်း၊ တံတားဖောက်ခွဲဖျက်ဆီး မီးရှို့ခြင်းများပြုလုပ် Reviewed by THITHTOOLWIN on 17:07 Rating: 5
Powered by Blogger.