မူဆယ် ၁၀၅ မိုင်ကို TNLA ၀င်ရောက်တိုက်ခိုက်

(တရုတ် မြန်မာနယ်စပ် ၁၀၅ မိုင် အနီးမှာ နိုဝင်ဘာလ ၂ဝ ရက်နေ့က တိုက်ပွဲဖြစ်ပွားစဉ်) ဓာတ်ပုံ - စိုင်းမင်းသူနိုင် (၁၀၅ မိုင် ကုန်သွယ်ရေးစခန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ တပ်ပေါင်းစုအဖွဲ့တွေက ၀င်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောပါတယ်။

အစိုးရတပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို တောထဲမှာ ထိုးစစ်ဆင်နေတာတွေကို အများမသိတဲ့အတွက် မြို့ပေါ် မူဆယ် ၁၀၅ မိုင်ကို ဦးတည်တိုက်ခိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

မူဆယ်နဲ့ ကွတ်ခိုင်ကိုဆက်သွယ်ထားတဲ့ နမ့်ပေါ်တံတားနဲ့ လားရှိုးနဲ့ သိန္နီကိုဆက်သွယ်ထားတဲ့ နမ္မတူတံတားကိုလည်း TNLA နဲ့ တပ်ပေါင်းစုအဖွဲ့က မိုင်းဖောက်ခွဲခဲ့တယ်လို့လည်း ပြောပါတယ်။

နေ့လည်ပိုင်းမှာတော့ ထိုးစစ်ကိုရပ်တန့်ထားပြီး အစိုးရတပ်မတော်ရဲ့ တုံ့ပြန်ချက်အပေါ် မူတည်ပြီး တိုက်ပွဲတွေ ရှိလာနိုင်တယ်လို့လည်း ပြောပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ KIA/KIO, TNLA, AA, MNDAA တို့ ပူးပေါင်းထားတာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မူဆယ် ၁၀၅ မိုင်ကို TNLA ၀င်ရောက်တိုက်ခိုက်  မူဆယ် ၁၀၅ မိုင်ကို TNLA ၀င်ရောက်တိုက်ခိုက် Reviewed by THITHTOOLWIN on 13:58 Rating: 5
Powered by Blogger.