RCSS နှင့် TNLA တိုက်ပွဲတွင် တံတားတစ်စင်း ဖျက်ဆီးခံရ


နိုဝင်ဘာ ၂၄၊ ၂၀၁၆

၂၀၁၆ နိုဝင်ဘာလ ၂၃ ရက် နေ့လည် ၁၂း၃၀ အချိန်ခန့်က နမ္မတူမြို့နယ် မိုင်းဆင်ကျေးရွာ အနီး RCSS နှင့် TNLA အဖွဲ့တိုက်ပွဲဖြစ်ပွားရာတွင် မိုင်းဆင်တံတားဖျက်ဆီးခံရကြောင်း သတင်းရရှိသဖြင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ နမ္မတူ-မုံဝီးသွားကားလမ်း မိုင်တိုင်အမှတ်(၄/၄.၅)ကြား၊ မိုင်းဆင်ရွာအနီး မိုင်းဆင်ဘေလီ တံတား၏ အလယ်ကြမ်းခင်းအချို့မီးလောင်ပျက်စီးခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့ရသည်။


တံတားအနီးတွင် TNLA အဖွဲ့မှ ကျန်ရစ်ခဲ့သည့် အစိမ်းရောင်ကျောပိုးအိတ် တစ်လုံး၊ ပျောက်ကြားရှာထိုး ဦးထုတ် တစ်လုံး၊ မိုင်းခွဲရာတွင်အသုံးပြုသည့် 12V ဆိုင်ကယ်ဘတ္ထရီခြောက်တစ်လုံး၊ ပေ ၅၀ အရှည်ခန့်ရှိ အစိမ်းရောင် ဝါယာကြိုးပျော့(၂) ချောင်း တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
RCSS နှင့် TNLA တိုက်ပွဲတွင် တံတားတစ်စင်း ဖျက်ဆီးခံရ RCSS နှင့် TNLA တိုက်ပွဲတွင် တံတားတစ်စင်း ဖျက်ဆီးခံရ Reviewed by THITHTOOLWIN on 11:18 Rating: 5
Powered by Blogger.