ဒေါ်အောင်ဆန်းစုကြည်က “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျမရဲ့အားသာချက်က အင်္ဂလိပ် စကားကို ကျွမ်းကျွမ်း ကျင်ကျင် ပြောဆိုတတ်ခြင်းသာ ဖြစ်ပါတယ်။ ကျမလို နိုင်ငံခြား ဘာသာ စကားတွေ ကောင်းကောင်းမွန်မွန် မပြော တတ်ပေမယ့် ကျမတို့ပါတီအတွင်းမှာ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်သူတွေ အများကြီးရှိပါတယ်။ အဲဒီသူတွေကို လျှော့တွက်ခြင်း အထင်သေးခြင်းမပြုပါနဲ့။ ပြီးခဲ့တဲ့ရွေးကောက်ပွဲကို ကျမတယောက်တည်း အရည်အချင်းနဲ့ အနိုင် ရခဲ့တာ မဟုတ်ပါဖူး၊ ကျမ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပါတီမှာ ချမှတ်ထားပြီဖြစ်တဲ့ မူဝါဒတွေကို ကျမတို့ပါတီဝင်တွေက ကောင်းကောင်း အကောင်အထည်ဖေါ်နိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ အစိုးရတပ်ဖွဲ့တွေက လတ်တလော ကာလတွေအတွင်း အကြမ်းဖက်သမားတွေ ရှာဖွေနှိမ်နင်း ရာမှာ မုဒိမ်းကျင့်မှုအပါအဝင် လူ့အခွင့်ရေးတွေကို ချိုးဖေါက်ခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက် လို့တော့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီကိစ္စတွေကို မိမိတို့ အသေအချာစုံစမ်းနေကြောင်း ခိုင်လုံတဲ့သက်သေ အထောက်အထား မရှိသေးပဲနဲ့ အဖွဲ့အစည်းတခုခုကို မစွပ်စွဲနိုင်ကြောင်း၊ အထောက်အထားနဲ့ သိလာရပြီဆိုတာနဲ့ လူသိရှင်ကြား ထုတ်ပြန်ပြောဆိုမှာဖြစ်ကြောင်း၊ မိမိတို့ အနေနဲ့ တစုံတရာကိုမှ ဖုံးကွယ်ထိမ်ချန်ထားမှာ မဟုတ်ကြောင်း ပြောကြားပါတယ်။
RFA Burmese
http://www.rfa.org/burmese
မိမိမရှိပဲ NLD ရပ်တည်နိုင်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော ကြား
Reviewed by THITHTOOLWIN
on
19:10
Rating:
