ပုသိမ် NLD ပါတီဒုဥက္ကဌကို ဆင်မ ကျေးရွာအုပ်ချုပ်ရေးမှုးက ပုဒ်မ ၆၆ ဃ ဖြင့် အမှုဖွင့်

Photo The Ayeyarwaddy Times
ပုသိမ်၊ နိုဝင်ဘာ ၂၅၊ ၂၀၁၆ ခုနှစ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် NLD ပါတီ ဒုဥက္ကဌ ဦးစန်းရွှေကို ဆင်မကျေးရွာအုပ်ချုပ်ရေးမှုး ဦးအောင်ကိုလွင်မှ အီလက်ထရောနစ် ဥပဒေပုဒ်မ ၆၆ ဃ ဖြင့်နိုဝင်ဘာလ ၂၄ ရက်နေ့က ငွေဆောင်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ငွေဆောင်ရဲစခန်း မှသိရသည်။

ဆင်မကျေးရွာ NLD ပါတီ ဘဏ္ဍာရေးမှုးလည်းဖြစ်သူ ဦးအောင်ကိုလွင်သည် ကျေးရွာအတွင်း အရက်ဖြန့်ဖြူးသည် ဟု ဦးစန်းရွှေ၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တင်ခဲ့ခြင်းနှင့်ပတ်သတ်၍ အရေးယူ ပေးပါရန် အမှုဖွင့်တိုင်ကြားလာသဖြင့် နိုဝင်ဘာလ ၂၄ ရက်ညပိုင်းမှ စတင်ကာ ဦးစန်းရွှေကို ဖမ်းဆီးထားကြောင်း ငွေဆောင်ရဲခန်းမှ သိရသည်။

ဦးစန်းရွှေသည် နိုဝင်ဘာလ ၁၉ ရက်နေ့ကဆင်မကျေးရွာရှိ NLD ပါတီဝင်များ၏ တိုင်ကြားစာပါ အကြောင်းအရာများဖြစ်သော ဦးအောင်ကိုလွင်မှ ဆင်မကျေးရွာအတွင်း အရက်ပုံးဆိုင်များကို ရန်ပုံငွေကိစ္စပြောပြီး အရက်ဆီယူပေးရန် တစ်လလျှင် ၅ ဂါလံ ဖြန့်ပေးရန် ပြောဆိုခြင်း၊ ငါးဖမ်းစက်လှေ များကို အစည်းအဝေးခေါ်ယူ၍ ရန်ပုံငွေအတွက် ငွေတောင်းခံရန် ညှိုနှိုင်းခြင်း၊ ငွေကောက်ခံ၍ မရသည့်အခါတွင် စက်လှေအဖွဲ့ ကိုတိုင်ကြားခြင်းများ ပြုလုပ်နေကြောင်း လူမှုကွန်ယက်တွင် တင်ခဲ့သည်ဟု သိရသည်။

လူမှုကွန်ယက်တွင် မိမိအားမဟုတ်မမှန်ရေးသားသည်ကို အရေးယူပေးပါရန် ဦးအောင်ကိုလွင်၏ တိုင်ကြားမှုကြောင့် ယခုအခါ ဦးစန်းရွှေကို ငွေဆောင်ရဲစခန်းမှ(ပ)၃၉/၂၀၁၆ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

Ayeyarwaddy Times
https://www.facebook.com/ayetimes/
ပုသိမ် NLD ပါတီဒုဥက္ကဌကို ဆင်မ ကျေးရွာအုပ်ချုပ်ရေးမှုးက ပုဒ်မ ၆၆ ဃ ဖြင့် အမှုဖွင့် ပုသိမ် NLD ပါတီဒုဥက္ကဌကို ဆင်မ ကျေးရွာအုပ်ချုပ်ရေးမှုးက ပုဒ်မ ၆၆ ဃ ဖြင့် အမှုဖွင့် Reviewed by THITHTOOLWIN on 07:35 Rating: 5
Powered by Blogger.