၉၆ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား NLD ရုံးချုပ်တွင် ကျင်းပ


၉၆ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ နှစ်ပတ်လည်အခမ်းအနားကို နိုင်ဝင်ဘာ ၂၄ ရက်နေ့က ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို နှစ်ပိုင်းခွဲပြုလုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက ဦးတင်ဦးက သာဘာပတိမိန့်ခွန်းပြောကြားခြင်း၊ အမျိုးသားအောင်ပွဲနေ့ ကြေညာချက်အား ဖတ်ကြားခြင်းတို့ ပြုလုပ်ကာ ဒုတိယပိုင်းတွင် စာရေးဆရာကိုလေး (အင်းဝဂုဏ်ရည်)နှင့် ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)တို့က ဟောပြောခဲ့ကြသည်။


“အမျိုးသားအောင်ပွဲနေ့မှာ အမျိုးသားရေးအတွက် အားလုံးက ဆောင်ရွက်သွားပါမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချစေချင်ပါတယ်။ အမျိုးသားရေးဆိုတာ တိုင်းပြည်ရဲ့ကောင်းကျိုး၊ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုသားအားလုံးရဲ့ အများစုကြီးရဲ့ ကောင်းကျိုးကို လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ အမျိုးသားရေးကို လုပ်တဲ့အခါမှာ ပုဂ္ဂိုလ်စွဲတို့ ဆန္ဒစွဲတို့ မရှိဖို့လိုပါတယ်” ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို ကိုးကား၍ NLD နာယက ဦးတင်ဦးက သဘာပတိမိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။


အမျိုးသားနေ့အောင်ပွဲနေ့ အခမ်းအနားသည် ပြည်သူလူထုက တင်မြှောက်ထားသော ပြည်သူ့အစိုးရလက်ထက်တွင် ကျင်းပသည့် ပထမဆုံး အခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံရေးလွတ်လပ်ခွင့်နှင့်အတူ ပညာရေးလွတ်လပ်ခွင့်လည်းရရှိနေပြီဖြစ်ကြောင်း၊ အမျိုးသားပညာရေးမှ ဒီမိုကရေစီပညာရေးစနစ်သစ်သို့ မြှင့်တင်နေသည့်ကာလလည်းဖြစ်ကြောင်း NLD ပါတီ၏ အမျိုးသားအောင်ပွဲနေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

နောင်နောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
၉၆ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား NLD ရုံးချုပ်တွင် ကျင်းပ   ၉၆ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား NLD ရုံးချုပ်တွင် ကျင်းပ Reviewed by THITHTOOLWIN on 19:44 Rating: 5
Powered by Blogger.