Mosul တိုက်ပွဲ အရပ်သားတသန်းကျော်ရဲ့ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိ

Mosul တိုက်ပွဲအခြေအနေ
အီရတ်နိုင်ငံ မိုဆူးလ်မြို့ကို IS စစ်သွေးကြွတွေ လက်ထဲကနေ ပြန်လည် သိမ်းယူဖို့ ကြိုးစားနေတဲ့ အီရတ်တပ်ဖွဲ့တွေဟာ ဒီကနေ့ ရာသီဥတု ဆိုးနေတာကြောင့် ရှေ့ဆက်ဖို့ အခက်အခဲ ရှိနေသလို၊ မြို့သိမ်းတိုက်ပွဲ ပိုမို ပြင်းထန်လာနေတာနဲ့အမျှ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေး အကြီးအကျယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အကူအညီပေးရေးအဖွဲ့တခုက သတိပေးလိုက်ပါတယ်။

အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ဖို့ ကြိုးစားနေရတဲ့အကြောင်းနဲ့ အရပ်သားပြည်သူ တစ်သန်း နှစ်သိန်းရဲ့ ဘ၀တွေ ထိခိုက်နိုင်တဲ့အန္တရာယ် ကြုံနေရပြီး အီရတ်နိုင်ငံ တခုလုံးရဲ့ အနာဂတ်ဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဒုက္ခသည်ဆိုင်ရာ နော်ဝေကောင်စီ က Wolfgang Gressmann က ပြောပါတယ်။

မြို့တွင်းကနေ အရပ်သားထောင်ပေါင်းများစွာ ထွက်ပြေးနေကြသလို၊ ချောင်းမြောင်းပစ်ခတ်တာတွေနဲ့ ဖောက်ခွဲတိုက်ခိုက် တာတွေကြောင့် သေဆုံးသူ အများအပြား ရှိခဲ့ပြီးဖြစ်တယ်လို့လည်း ဒီအဖွဲ့က ပြောပါတယ်။ မြို့တွင်းမှာရှိသူတွေ အတွက် အစားအစာ၊ ရေ နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေဆဲပါ။ ဒါပေမဲ့ လက်ရှိ တိုက်ပွဲတွေကြောင့် လိုအပ်နေတဲ့ အကူအညီတွေနဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ဖြန့်ဝေပေးရာမှာ အခက်အခဲတွေ ရှိလာတာကြောင့် အခြေအနေက ပိုပြီး ဆိုးလာမှာပါ။

အီရတ်နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ မိုဆူးလ်ကို IS စစ်သွေးကြွတွေက ၂ နှစ်ကျော်ကြာ သိမ်းပိုက်ထားခဲ့ပြီးတဲ့နောက် အခု ဒီမြို့ကို ပြန်လည် သိမ်းယူဖို့ အီရတ်တပ်ဖွဲ့တွေက ထိုးစစ်ဆင်နေတာမှာ သီတင်း နှစ်ပတ်ကျော်ကြာလာခဲ့ပြီးတဲ့နောက် မနေ့က အင်္ဂါနေ့မှာတော့ အီရတ်အထူးတပ်ဖွဲ့တွေ မြို့တွင်းကို စတင်ချဉ်းကပ်လာနိုင်တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ