ရန်ကုန်လေဆိပ်မှာတွေ့ တဲ့ M-150 ပုလင်းများထဲက အ၀ါရောင်အရည်များမှာ ဒဏ်ကြေလိမ်းဆေးဟုဆို

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မသင်္ကာဖွယ်ရာ M-150 အချိုရည်ပုလင်းများ တွေ့ရှိ၍ ရှင်းလင်း စစ်ဆေးမှု ပြုလုပ်
နိုဝင်ဘာ ၂၉၊ ၂၀၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 Public Area ရှိ Check In Counter ကောင်တာ အနီး၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ကြွပ်ကြွပ်အိတ် အစိမ်းရောင်တစ်လုံး မသင်္ကာဖွယ် တွေ့ရှိကြောင်း သတင်းပေးပို့ချက်အရ လေကြောင်း ရဲတပ်ဖွဲ့နှင့် နယ်မြေခံတပ်မှ မိုင်းရှင်းလင်းရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ရှင်းလင်းခဲ့ရာ ၎င်းကြွပ်ကြွပ်အိတ်ထဲ၌ အဝါရောင် အရည်ပျစ်များ ထည့်ထားသည့် M-150 အချိုရည် ၄ ပုလင်းအား တွေ့ရှိရသည်။

အဆိုပါ M-150 အချိုရည် ပုလင်း ၄ လုံးအား လုံခြုံစိတ်ချရသည့်နေရာသို့ ရွေ့ပြောင်း၍ စစ်ဆေးခဲ့ရာ အတွင်း၌ ပေါက်ကွဲစေတတ်သော ဓါတုပစ္စည်းပါရှိခြင်း မရှိဘဲ အတွင်း၌ပါရှိသော အရည်မှာ ဖယောင်းနှင့် အဆီတို့ရောစပ်ထားသော ဒဏ်ကြေလိမ်းဆေး အဆီများဖြစ်ကြောင်း ပဏာမ စစ်ဆေးချက်အရ သိရှိရသည်။

၎င်းအချိုရည်ပုလင်း (၄) လုံးအား ဓါတုဗေဒဝန်ရုံးသို့ ပေးပို့၍ အသေးစိတ် ဆက်လက် စစ်ဆေးလျက်ရှိသည်။

Updated - ညနေ ၃ နာရီ
----------------------------
မသင်္ကာဖွယ်ရာ တွေ့ရှိသည့် M150 အချိုရေပုလင်းများအတွင်းမှ အဝါရောင်အရည်များအား ဓါတုဗေဒဝန်ရုံးမှ စမ်းသပ်စစ်ဆေးခဲ့ရာ အဆီနှင့် ဖေါ်စပ်ထားသော တိုင်းရင်းဆေးတစ်မျိုးဟု ယူဆရပြီး ပေါက်ကွဲစေတတ်သော ဓာတုပစ္စည်းများ မတွေ့ရှိရကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/SCOInfoC/
ရန်ကုန်လေဆိပ်မှာတွေ့ တဲ့ M-150 ပုလင်းများထဲက အ၀ါရောင်အရည်များမှာ ဒဏ်ကြေလိမ်းဆေးဟုဆို ရန်ကုန်လေဆိပ်မှာတွေ့ တဲ့ M-150 ပုလင်းများထဲက အ၀ါရောင်အရည်များမှာ ဒဏ်ကြေလိမ်းဆေးဟုဆို Reviewed by THITHTOOLWIN on 16:43 Rating: 5
Powered by Blogger.