ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပေါက်ကွဲမှုမရှိသေးသော M-150 အချိုရည်ပုလင်းများ တွေ့ရှိ


နေပြည်တော်၊ နိုဝင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 လေယာဉ် လက်မှတ် အရောင်းကောင်တာဘေးရှိ ခုံပေါ်၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကြွပ်ကြွပ်အိတ် အစိမ်းရောင်တစ်လုံး မသင်္ကာဖွယ်တွေ့ရှိကြောင်း သတင်းအရ နယ်မြေခံတပ်မှ အထူးမိုင်းရှင်းလင်းရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ရှင်းလင်းခဲ့သည်။


အဆိုပါနေရာအား အသေးစိတ်ရှင်းလင်းခဲ့ရာ ၎င်းကြွပ်ကြွပ်အိတ်ထဲ၌ M-150 အချိုရည် ၄ ပုလင်းအား တွေ့ရှိရပြီး ပုလင်းများအတွင်း အ၀ါရောင်အရည်ပျစ်ပျစ်များကို ထည့်ထားကြောင်း တွေ့ရှိရသည်။


တွေ့ရှိရမိသည့် အချိုရည်ပုလင်းများအား နယ်မြေခံတပ်မှ အထူးမိုင်းရှင်းလင်းရေးအဖွဲ့များက စနစ်တကျ သက်မဲ့ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါနေရာနှင့် လေဆိပ်အတွင်းနေရာများတွင် အသေးစိတ် ဆက်လက်ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူများက ပြည်သူလူထု ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်သတင်းစဉ်
https://www.facebook.com/mmdefencenews
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပေါက်ကွဲမှုမရှိသေးသော M-150 အချိုရည်ပုလင်းများ တွေ့ရှိ  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပေါက်ကွဲမှုမရှိသေးသော M-150 အချိုရည်ပုလင်းများ တွေ့ရှိ Reviewed by THITHTOOLWIN on 12:18 Rating: 5
Powered by Blogger.