ဖေါက်ခွဲရာမှာ အသုံးပြုတဲ့ M 150 ပုလင်း တွေနဲ့အတူ ဖမ်းမိထား

ဖေါက်ခွဲရာမှာ အသုံးပြုတဲ့ M 150 တွေနဲ့အတူ ဒီကနေ့ မနက်ပိုင်းက ဖမ်းမိထား ။ photos: Aung Naing Thu

ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးဝင်းထဲမှာ နိုဝင်ဘာလ (၂၅)ရက်နေ့ ညနေပိုင်းက ဖေါက်ခွဲမှု လုပ်ခဲ့တဲ့ အဓိက ကျုးလွန်သူလို့ ယူဆရတဲ့ သူတွေကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရပါတယ်။

မနေ့ ညနေ ပိုင်းက တိုင်းအစိုးရရုံးထဲမှာ သံသယရှိသူ နှစ်ဦးကို ဖမ်းမိပြီး နိုဝင်ဘာလ (၂၆)ရက်နေ့  ဒီကနေ့မနက်အစောပိုင်းမှာတော့ အမျိုးသားတစ်ဦးကို သင်္ကျွန်းဘက်မှာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။


ဒီကနေ့ မနက် ဖမ်းဆီးမိသူနဲ့အတူ ဖေါက်ခွဲမှုဖြစ်စဉ်မှာ အသုံးပြုတဲ့ M 150 ပုလင်းတွေကိုလဲ သိမ်းဆီးရမိထားပါတယ်။

အခု ဖမ်းဆီးထားသူတွေဟာ ဒီအပါတ်အတွင်း ပေါက်ကွဲခဲ့မှုတွေဖြစ်တဲ့ တောင်ဒဂုံ လ၀ကရုံး၊ ဒေါပုံCapital ဈေးဝယ်စင်တာ၊ Oceanဈေးဝယ်စင်တာစတဲ့ဖြစ်စဉ်များထဲ ပါဝင်ပါတ်သတ်နေတယ်လို့လည်း သိရပါတယ်။

by သစ်ထူးလွင်



ဖေါက်ခွဲရာမှာ အသုံးပြုတဲ့ M 150 ပုလင်း တွေနဲ့အတူ ဖမ်းမိထား  ဖေါက်ခွဲရာမှာ အသုံးပြုတဲ့ M 150 ပုလင်း တွေနဲ့အတူ ဖမ်းမိထား Reviewed by THITHTOOLWIN on 12:14 Rating: 5
Powered by Blogger.