ပြည်လမ်းရှိ A Living Square ကုန်တိုက်တွင် မီးလောင်မှု ဖြစ်ပွား

လျှပ်စစ်ဘရေကာ ရှော့ဖြစ်ပြီး မီးပွားများကျရာမှ မီးလောင်မှုဖြစ်
ရန်ကုန်၊ နိုဝင်ဘာ ၁၅

၁၅.၁၁.၂၀၁၆ ရက်နေ့ ၁၂၀၅ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)
ရပ်ကွက်၊ ပြည်လမ်းရှိ A Living Square ကုန်တိုက်တွင် မီးလောင်မှု
ဖြစ်ပွားခဲ့ရာ မီးသတ်ယာဉ်များရောက်ရှိငြှိမ်းသတ်ခဲသဖြင့် ၁၂၄၇ အချိန်
တွင် မီးငြိမ်းသွားခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါကုန်တိုက် အောက်ဆုံးထပ်ရှိ လျှပ်စစ်ဘရေကာမှာ
အပူလွန်ကဲပြီး ရှော့ဖြစ်ကာ အနီးရှိ မွှေ့ယာများပေါ်သို့ မီးပွားများကျရာမှ
စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ကုန်တိုက်အတွင်းရှိ လျှပ်စစ်အသုံး
အဆောင်ပစ္စည်းများ၊ အိပ်ယာအခမ်းအနားပစ္စည်းများနှင့် အလှကုန်ပစ္စည်း
များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။


ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ကုန်တိုက်တာဝန်ခံ ဦးသန်းထွန်းအောင်
အား မရမ်းကုန်းမြို့မရဲစခန်း(ပ)၈၇၀/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ- ၂၈၅ ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ပြည်လမ်းရှိ A Living Square ကုန်တိုက်တွင် မီးလောင်မှု ဖြစ်ပွား   ပြည်လမ်းရှိ A Living Square ကုန်တိုက်တွင် မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 18:37 Rating: 5
Powered by Blogger.