တရုတ် အစိုးရ ညွန်ကြားမှု့ကြောင့် မန်ဟိုင်း KIO ရုံး ၂ ခု ရုပ်သိမ်းခဲ့ရ


November 19, 2016/KNG

တရုတ်အစိုးရ၏ ညွန်ကြားမှု နဲ့ ရှမ်းမြောက် မုံးကိုးမြို့ နဲ့ နယ်ခြားစည်း သာခြားသော တရုတ်ပြည် မန်ဟိုင်း မြို့ရှိ KIO ဆက်ဆံရေးရုံး နဲ့ မူးယစ်တိုက်ဖျက်ရေးရုံး ၂ ခုကို နိုဝင်ဘာ ၁၇ ရက်နေ့ က အတင်းအဓမ္မ ရုပ်သိမ်း ခဲ့ရသည်။

ကြာသပတေးနေ့ တွင် ‘၂ နာရီအတွင်း ပစ္စည်း အကုန်သိမ်းရန်’ အမိန့်ရောက်လာအပြီး တရုတ်တပ် ဘက်က ယင်းနေရာကို လာရောက် ဝန်းရံ ပိတ်ဆို့ ခဲ့တာကြောင့် ပစ္စည်းအကုန် မသိမ်းနိုင်ဘဲ ထွက်ပြေးခဲ့ရသည်ဟု KIA တပ်မဟာ ၆ အရာရှိ တစ်ဦးက ပြောသည်။

အဲဒီ KIO ရုံး ၂ ခုကို လွန်ခဲ့သော ၃ နှစ်ခန့်က တရုတ်ပြည် မန်ရှီ အစိုးရအာဏာပိုင်များ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ရုံး တစ်ခုစီမှာ အမြဲတမ်း လူ ၅ ဦးခန့် ရှိကြောင်း သိရသည်။

နိုဝင်ဘာ ၁၇ ရက်နေ့ အဆိုပါ KIO ရုံး ၂ ခုကို လာရောက် ဝင်စီးသည့် တရုတ်တပ် အင်အား ၅၀ ခန့်တွင် ရဲ ၊ နယ်ခြားစောင့်တပ် နဲ့ တိုက်ပွဲဝင် စစ်သား များ ပါဝင်ကြောင်း သိရသည်။

လွန်ခဲ့သော အောက်တိုဘာလ ကလည်း KIO နယ်မြေမှ ပြန်လာသော ကချင်လူငယ် ၄၉ ဦးကို တရုတ်ရဲများ ဖမ်းပြီး အစိုးရ တပ်ဘက်ကို လွှဲအပ်ပေးမှုများ ရှိခဲ့သည်။

Kachin News Group
https://www.facebook.com/theKachinNews/
တရုတ် အစိုးရ ညွန်ကြားမှု့ကြောင့် မန်ဟိုင်း KIO ရုံး ၂ ခု ရုပ်သိမ်းခဲ့ရ  တရုတ် အစိုးရ ညွန်ကြားမှု့ကြောင့် မန်ဟိုင်း KIO ရုံး ၂ ခု ရုပ်သိမ်းခဲ့ရ Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.