KIA/TNLA/MNDAA လက်နက်ကိုင်အဖွဲ့က လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးအား မိုင်းဖောက်ခွဲ

KIA/TNLA/MNDAA လက်နက်ကိုင်အဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ဒဏ်ရာရရှိ
နိုဝင်ဘာ ၂၆၊ ၂၀၁၆

KIA/TNLA/MNDAA လက်နက်ကိုင်အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက် ည ၈ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်း စံလောင်းကျေးရွာအနီး မိုင်တိုင်အမှတ်(၂၃/၂-၃) ကြားတွင် လူနှင့်ယာဉ် သွားလာမှုအား နှောင့်ယှက်ရန် ရည်ရွယ်၍ မိုင်းဖောက်ခွဲခဲ့ကြောင်း သတင်း ရရှိသည်။
ပေါက်ကွဲမှုကြောင့် အချင်း(၁)ပေ၊ အနက်(၈)လက်မခန့်ရှိ မြေကျင်း ၂ ခု(မြေကျင်းတစ်ခုနှင့်တစ်ခု ၁၅ ပေခန့် အကွာ) ဖြစ်ပေါ်ခဲ့ပြီး လူ/တိရိစ္ဆာန်နှင့် အခြားပစ္စည်းများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။


နမ့်ခိုင်တံတားရဲကင်းအား KIA/TNLA/MNDAA လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်

နိုဝင်ဘာ ၂၆၊ ၂၀၁၆

ကွတ်ခိုင်မြို့နယ် နမ့်ခိုင်ရွာအနီး ပြည်ထောင်စုကားလမ်း မိုင်တိုင်(၂၄၀/၂-၃) ကြား နမ့်ခိုင်တံတားရဲကင်းအား KIA/TNLA/MNDAA လက်နက်ကိုင် အဖွဲ့က နိုဝင်ဘာ ၂၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် မန်လွယ်ကျေးရွာ ဘက်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ တံတားလုံခြုံရေး တာဝန်ကျ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ၅ နာရီ ၄၈ မိနစ် ခန့်တွင် လက်နက်ကိုင်အဖွဲ့များ ပြန်လည်ဆုတ်ခွာသွားသည်။ ဖြစ်စဉ်တွင် တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။


KIA/TNLA/MNDAA လက်နက်ကိုင်အဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ဒဏ်ရာရရှိ

နိုဝင်ဘာ ၂၆၊ ၂၀၁၆

ကွတ်ခိုင်မြို့နယ်၊ မန်လွယ်ကျေးရွာနေ ဦးကျန်ရီချမ်း (၆၃) နှစ်သည် မန်လွယ်ကျေးရွာအနီး ကြံစိုက်ခင်း၌ တောင်ယာရှင်းလင်း ဆောင်ရွက်နေစဉ် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက တောင်ယာထဲသို့ KIA/TNLA/MNDAA လက်နက်ကိုင်အဖွဲ့က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ယာဘက်လက်ခုံ ထိခိုက်ဒဏ်ရ ရရှိခဲ့သဖြင့် ကွတ်ခိုင်ဆေးရုံသို့ တက်ရောက်ကုသခဲ့ရပြီး ယနေ့မွန်းလွဲ ၃ နာရီတွင် မူဆယ်ဆေးရုံသို့ ပြောင်းရွှေ့တက်ရောက်ဆေးဝါးကုသလျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
https://www.facebook.com/SCOInfoC/
KIA/TNLA/MNDAA လက်နက်ကိုင်အဖွဲ့က လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးအား မိုင်းဖောက်ခွဲ KIA/TNLA/MNDAA လက်နက်ကိုင်အဖွဲ့က လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးအား မိုင်းဖောက်ခွဲ Reviewed by THITHTOOLWIN on 18:49 Rating: 5
Powered by Blogger.