KIA/TNLA လက်နက်ကိုင်အဖွဲ့က ကွတ်ခိုင်မြို့အား လက်နက်ကြီးဖြင့် ပစ်ခတ်


နိုဝင်ဘာ ၂၆၊ ၂၀၁၆

KIA/TNLA လက်နက်ကိုင်အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက် ည ၉ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် ကွတ်ခိုင်မြို့အား ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ၁ ချက်၊ ၆၀ မမ စိန်ပြောင်းဖြင့် ၂ ချက် နေရာ ၂ နေရာမှ ပစ်ခတ်လာသည့်အတွက် လုံခြုံရေး တပ်ဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ၉ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် KIA/TNLA လက်နက်ကိုင်အဖွဲ့များ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

၆၀ မမ ကျည်များမှာ လွယ်အွန်းကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ၄၀ မမကျည်မှာ တပ်နယ် (မြို့မအထက) ကျောင်းအနီးတောစပ်အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကာ လူ/အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်း သတင်းရရှိသည်။

၄၀ မမဖြင့် ရန်သူလာရောက်ပစ်ခတ်သည့် ကွတ်ခိုင်မြို့၊ ရပ်ကွက်(၁) အတွင်းသို့ လုံခြုံရေးတပ်ဖွဲ့များက ထပ်ကြပ် လိုက်လံ ရှင်းလင်း ခဲ့ရာ ည ၉ နာရီ ၅၃ မိနစ်အချိန်ခန့် ရပ်ကွက်(၁)အတွင်း လမ်းကြားသို့ ရောက်ရှိစဉ် လက်နက်ကိုင် ၂ ဦးသည် ဆိုင်ကယ်ပေါ်မှ လက်နက်ငယ်ဖြင့် ၄ ချက်ခန့် ပစ်ခတ်ပြီး ပြည်ထောင်စု လမ်းမကြီး ဘက်သို့ မောင်းနှင် ထွက်ပြေး သွားကြောင်း သတင်းရရှိသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
https://www.facebook.com/SCOInfoC/
KIA/TNLA လက်နက်ကိုင်အဖွဲ့က ကွတ်ခိုင်မြို့အား လက်နက်ကြီးဖြင့် ပစ်ခတ်  KIA/TNLA လက်နက်ကိုင်အဖွဲ့က ကွတ်ခိုင်မြို့အား လက်နက်ကြီးဖြင့် ပစ်ခတ် Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.