မန်တုံမြို့နယ် ၊ ပန်ဝါကျေးရွာသား ခြောက်ဦး KIA/TNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရ


                   KIA/TNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ခြောက်ဦးဒဏ်ရာရ

နိုဝင်ဘာ ၂၇၊ ၂၀၁၆

KIA/TNLA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၂၅ ရက် ညနေ ၄ နာရီခန့်က မန်တုံမြို့နယ် ၊ ပန်ဝါကျေးရွာ အနီးတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းကို KIA/TNLA လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့ရာ ၄င်းတို့ပစ်ခတ်သော လက်နက်ကြီး ကျည်များ ပန်ဝါကျေးရွာအတွင်း ကျရောက်ခဲ့ပြီး ဦးနောင်ဂျာ အပါအဝင် ကျား ၄ ဦး၊ မ ၂ ဦး ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့သည်။

ဒဏ်ရာရရှိသူများ နမ္မတူပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေကြောင်း သတင်းရရှိသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/SCOInfoC/


မန်တုံမြို့နယ် ၊ ပန်ဝါကျေးရွာသား ခြောက်ဦး KIA/TNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရ မန်တုံမြို့နယ် ၊ ပန်ဝါကျေးရွာသား ခြောက်ဦး KIA/TNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.