KIA/TNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာရ

KIA/TNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး သေနတ်ဒဏ်ရာရ
နိုဝင်ဘာ ၂၆၊ ၂၀၁၆

KIA/TNLA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က အပြစ်မဲ့ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ပန်နိမ်ရွာ၊ ကောင်ခါးမိန်ပြိန်းအုပ်စု၊ ကွက်ခိုင်မြို့နယ်နေ ဒေါ်အေမန် သည် နိုဝင်ဘာလ ၂၅ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် မန်လွယ်ကျေးရွာနှင့် နမ့်ဖလွန်းကျေးရွာကြားရှိ ၄င်းပိုင်ပြောင်းခြံတွင် ပြောင်းဖူးချိုးနေစဉ် KIA/TNLA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဝဲဘက်ရင်အုံ တွင် သေနတ်ဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သည်။

ဒဏ်ရာရရှိသူ ဒေါ်အေမန်အား နမ့်ဖတ်ကာဆေးရုံမှတစ်ဆင့် မူဆယ်ဆေးရုံသို့လွှဲပြောင်း ဆေးကုသမှုခံယူရန် နမ့်ဖတ်ကာ ရွာရှိ မေတ္တာရှင်လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့ ကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ