KIA/TNLA လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့များက ပြည်ထောင်စုလမ်းမပေါ်တွင် သွားလာနေသည့် ယာဉ်များအား တားဆီး မီးရှို့ ဖျက်ဆီး


နိုဝင်ဘာ ၂၅၊ ၂၀၁၆

နိုဝင်ဘာ ၂၅ ရက် နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကွတ်ခိုင်မြို့ မြောက်ဘက် ၁၃ မိုင်ခန့်အကွာ၊ အထက် နမ့်ဖတ်လွန်းကျေးရွာအနီး KIA/TNLA လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့များက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေသည့် ယာဉ်ကြီး/ယာဉ်ငယ်များအား တားဆီးကာ ၂၂ ဘီးယာဉ် ၂ စီးနှင့် ခရီးသည်တင် မှန်လုံကား ၁ စီးတို့အား ခေါင်းချင်းဆိုင်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။


အလားတူ ကွတ်ခိုင်မြို့ မြောက်ဘက် ၁၆ မိုင်ခန့်အကွာ မန်လွယ်ရွာအနီး အဆိုပါ လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့များကပင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေသည့် ယာဉ်များအား နှောက်ယှက်တားဆီးခဲ့ပြီး PARADO ယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကနဦး သတင်းများအရ သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ဓါတ်ပုံ - The Myanmar Reviews Journal
State Counsellor Office Information Committee
https://www.facebook.com/SCOInfoC/
KIA/TNLA လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့များက ပြည်ထောင်စုလမ်းမပေါ်တွင် သွားလာနေသည့် ယာဉ်များအား တားဆီး မီးရှို့ ဖျက်ဆီး KIA/TNLA လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့များက ပြည်ထောင်စုလမ်းမပေါ်တွင် သွားလာနေသည့် ယာဉ်များအား တားဆီး မီးရှို့ ဖျက်ဆီး Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.