KIA/TNLA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ယာဉ်နောက်လိုက် တစ်ဦးသေဆုံး

KIA/TNLA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်​မဲ့အရပ်​သားယာဉ်နောက်လိုက်တစ်ဦးသေဆုံး

နိုဝင်ဘာ ၂၄၊ ၂၀၁၆

၂၀၁၆ နိုဝင်ဘာလ ၂၄ ရက် ၁၁၂၅ အချိန်ခန့်တွင် လားရှိုးမှ မူဆယ်သို့မောင်းနှင်လာသည့် ကုန်တင်ယာဉ်တစ်စီး အား KIA/TNLA လက်နက်ကိုင်အဖွဲ့က ပစ်ခတ်မှုကြောင့် အပြစ်​မဲ့အရပ်​သား ယာဉ်နောက်လိုက်တစ်ဦးသေဆုံးခဲ့သည်။


သခွားမွှေးသီးများတင်ဆောင်ထားသည့် ယာဉ်မောင်း ကိုကိုနိုင်မောင်းနှင်သော ယာဉ်အမှတ် SHN 1H/7546 CANTER ခြောက်ဘီးယာဉ်အား ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမ မိုင်တိုင်အမှတ် ၂၃၇၁/၇ အနီး၊ နားနွဲ့အုပ်စု ဟိုနောင်ကမ္ဘာရွာအနီးတွင် KIA/TNLA လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်း၏ဝဲဖက်တွင် ထိုင်လျက်လိုက်ပါလာသော ယာဉ်နောက်လိုက်မောင်ချင်းအား ကျည်ထိမှန်သေဆုံးသွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက် ခဲ့ကြောင်း သတင်းရရှိသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
KIA/TNLA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ယာဉ်နောက်လိုက် တစ်ဦးသေဆုံး  KIA/TNLA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ယာဉ်နောက်လိုက် တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:17 Rating: 5
Powered by Blogger.