မူဆယ်မြို့နယ် ပန်ခမ်းတံတားတွင် မိုင်း ၁ လုံးပေါက်ကွဲပြီး KIA တစ်ဦးဖမ်းဆီးရမိ


နိုဝင်ဘာ ၂၇၊ ၂၀၁၆

နိုဝင်ဘာ ၂၆ ရက် ည ၈ နာရီအချိန်ခန့်တွင် မူဆယ်မြို့အနောက်ဘက် ၃ မိုင် ၆ ဖာလုံခန့်အကွာ ပန်ခမ်းကျေးရွာမှ မူဆယ်မြို့ဘက်သို့ ဆိုင်ကယ် ၂ စီး ဖြင့် လာရောက်သော အမျိုးသား ၃ ဦးက ပန်ခမ်းတံတားအလွန် ၁၅ ပေခန့်တွင် ယာဘက်လမ်းဘေး အစပ်သို့ မိုင်း (၁) လုံးပစ်ချ ဖောက်ခွဲခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းပစ်ခတ်ရာ မူဆယ်မြို့တွင်းသို့ ဆိုင်ကယ်များ မောင်းနှင်ထွက်ပြေး သွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုမရှိကြောင်း သတင်းရရှိသည်။


နိုဝင်ဘာ ၂၇ ရက် နံနက် ၉ နာရီအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပန်ခမ်းတံတားအနီးဝန်းကျင်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ညက ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာနှင့် ၁၀ ပေခန့်အကွာ လမ်းဘေး အမှိုက်ပုံအနီးတွင် လက်လုပ်မိုင်း(၁) လုံး တွေ့ရှိခဲ့ရပြီး ပန်ခမ်းတံတားပေါ်တွင် မသင်္ကာဖွယ်ရာ အမျိုးသားတစ်ဦးတွေ့ရှိသဖြင့် စိစစ်ခဲ့ရာ KIA လက်နက်ကိုင်အဖွဲ့မှ တပ်သားအဆင့်ရှိသူ ဂန်မွန်း(ဘ) ဦးနေဂဒေါင်၊ ပန်ဂျတ်ရွာ၊ မန်ဝိန်းကြီးအုပ်စု၊ ဗန်းမော်မြို့နယ် တွင် နေထိုင်သူ ဖြစ်ကြောင်း သိရှိခဲ့ရပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/SCOInfoC/
မူဆယ်မြို့နယ် ပန်ခမ်းတံတားတွင် မိုင်း ၁ လုံးပေါက်ကွဲပြီး KIA တစ်ဦးဖမ်းဆီးရမိ မူဆယ်မြို့နယ် ပန်ခမ်းတံတားတွင် မိုင်း ၁ လုံးပေါက်ကွဲပြီး KIA တစ်ဦးဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.