KIA မှ တောင်းခိုင်းသည်ဟု ပြောဆိုကာ တောင်းကော့ရာအိမ်မှူး ဦးကျော်ဇောဦးမှ ရွာသားများထံ ငွေတစ်သိန်းနှုန်း ကောက်ခံနေ


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ( ဆိုင်းတောင် ) ကျေးရွာအုပ်စု တောင်းကော့ကျေးရွာတွင် ကျောက်စိမ်းတူးဖော်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးသွားမည့် အန္တရာယ်ရှိသော နေအိမ် (၄၂) လုံးအား ကုမ္မဏီ သုံးခုမှ နစ်နာကြေးများ ပေးလျော်ခဲ့သည်ဟု သိရပါသည် ။

 အဆိုပါ လူနေအိမ် (၄၂) လုံး အန္တရာယ်အနီးဆုံး ဖြစ်သည့် နေအိမ် (၆) လုံးကို သိန်း (၄၀) နှုံးပေးခဲ့ပြီး ကျန်အိမ် (၃၆) လုံးကို သိန်း (၃၀)နှုန်းပေးခဲ့သည်ဟု သိရပါသည် ။

 နစ်နာကြေးရရှိသူ အိမ်ရှင်များထံမှ တောင်းကော့ ကျေးရွာ ရာအိမ်မှူး ဦးကျော်ဇောဦးမှ ကျေးရွာရန်ပုံငွေအတွက် တစ်ဦးလျှင် ငါးသောင်းနှုတ်ယူခဲ့သည်ဟု ရွာသားများက ပြောပြခဲ့ပါသည် ။ ၄.၁၁.၂၀၁၆ နေ့တွင် KIA မှ တောင်းခိုင်းသည်ဟု ဆိုကာ တစ်သိန်းနှုန်း လိုက်လံတောင်းယူခဲ့ပြီး စုစုပေါင်း တစ်သိန်းခွဲ ခေါင်းပုံ ဖြတ်ခံခဲ့ရသည်ဟု အမည်မဖော်လိုသူ အိမ်ရှင်တစ်ဦးက ပြောပါသည် ။

 “ ရုံးအတွက် ရန်ပုံငွေက ငါးသောင်း ၊၄ ရက်နေ့ မနက်မှာ kia က တောင်းခိုင်းတာဆိုပီး တအိမ်ကို တစိသိန်းဆိုပီး ဦးကျော်ဇောဦးကိုယ်တိုင် အိမ်မှာ လာတောင်းသွားတာ”ဟု ငွေဖြတ်ယူခံခဲ့ရသူ အိမ်ရှင်တစ်ဦးက ပြောပါသည် ။

အဆိုပါတောင်းကော့ကျေးရွာသည် ရတနာစမ်းရွှင် ၊ရွှေဂေါင်ဂေါင် ၊ဆဲဗင်းစတား စသောကျောက်တူးဖော်ရေးကုမ္မဏီးများ၏ ကျောက်စိမ်းတူးဖော်မှုကြောင့် ကျေးရွာတည်ရှိရာ အောက်ခြေမှ မြေသားနံရံများ အက်ကွဲပြိုကြမည့် အန္တရာယ်နှင့် ကြုံတွေ့နေခဲ့ရတာလည်းဖြစ်ပါသည် ။

 အဆိုပါ ကိစ္စအား ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်းမရှိဟုလည်း သိရပါသည် ။

 မူလ လွှတ်တော်ကိုယ်စားလှယ်များ လာရောက်ဖြေရှင်းချိန်တွင် သိန်းရာဂဏန်းခန့် ကုမ္မဏီများဘက်မှ ပေးရန် ပြောသော်လည်း အမှန်တကယ် လက်တွေ့တွင်ပေးသော လျော်ကြေးငွေမှာ လွန်စွာ နဲနေသည်ဟု ရွာသားများက ပြောဆိုနေကြသည် ။

“ ဒီလိုဖြစ်တာ ရိုးရိုးသားသားမဖြစ်နိုင်ဘူးဗျ ။အရင်က လွှတ်တော်ကိုယ်စားလှယ်တွေ လာရှင်းတုံးက တစ်အိမ်ကို သိန်းရာဂဏန်းနီးပါး ကုမ္မဏီနဲ့ ညှိနေကြတာ ။ အဲ့ချိန်က ရွာသားတွေက မညီညွှတ်ကြဘူး ။တစ်ယောက်တစ်ပေါက်ပြောနေကြလို့ လွှတ်တော်ကိုယ်စားလှယ်တွေက လာရှင်းမပေးတော့တာ ” ဟု ရွာသားတစ်ဦးက ပြောပြပါသည် ။

ဖားကန်းသား (Facebook)

KIA မှ တောင်းခိုင်းသည်ဟု ပြောဆိုကာ တောင်းကော့ရာအိမ်မှူး ဦးကျော်ဇောဦးမှ ရွာသားများထံ ငွေတစ်သိန်းနှုန်း ကောက်ခံနေ  KIA မှ တောင်းခိုင်းသည်ဟု ပြောဆိုကာ တောင်းကော့ရာအိမ်မှူး ဦးကျော်ဇောဦးမှ ရွာသားများထံ ငွေတစ်သိန်းနှုန်း ကောက်ခံနေ Reviewed by THITHTOOLWIN on 17:31 Rating: 5
Powered by Blogger.