မိုးကောင်းနှင့် မူဆယ်မြို့နယ်များတွင် KIA အဖွဲ့က ဆက်ကြေးကောက်


နိုဝင်ဘာ ၂၇၊ ၂၀၁၆

နိုဝင်ဘာ ၂၆ ရက် နံနက် ၇ နာရီအချိန်တွင် KIA လက်နက်ကိုင်အဖွဲ့ ရင်း(၆) မှ အင်အား ၉၀ ဦးခန့်သည် မိုးကောင်းမြို့နယ် နန့်ဟိုင်းကျေးရွာနှင့် စေတုံကျေးရွာကြားရှိ နန့်ဟိုင်းသုသာန်အနီးတွင် မိုးကောင်း- ဖားကန့် ပြေးဆွဲနေသည့် ယာဉ်ကြီး ၁ စီးလျှင် ၁၇၀၀၀၀ ကျပ် ၊ ယာဉ်ငယ် ၁ စီးလျှင် ၁၀၀၀၀၀ ကျပ် နှုန်းဖြင့် ဆက်ကြေးကောက်ခံခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလ ၂၅ ရက်က မူဆယ်မြို့မှ လုပ်ငန်းရှင်များနှင့် နယ်မြေမှူးများကိုလည်း KIA လက်နက်ကိုင် အဖွဲ့က ဖုန်းဖြင့် ဆက်သွယ်၍လည်းကောင်း၊ စာဖြင့်လည်းကောင်း သြဂုတ်လအတွက် ဆက်ကြေးငွေ တောင်းခံခဲ့ကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/SCOInfoC/
မိုးကောင်းနှင့် မူဆယ်မြို့နယ်များတွင် KIA အဖွဲ့က ဆက်ကြေးကောက် မိုးကောင်းနှင့် မူဆယ်မြို့နယ်များတွင် KIA အဖွဲ့က ဆက်ကြေးကောက် Reviewed by THITHTOOLWIN on 20:30 Rating: 5
Powered by Blogger.