နေပြည်တော် နိုဝင်ဘာ ၂၃
ဖားကန့်မြို့နယ် မိုးကောင်း-ကာမိုင်း၊ ဖားကန့်ကားလမ်း၌ သွားလာနေသော ယာဉ်များ အား ယနေ့ နံနက်ပိုင်းက KIA အဖွဲ့က ဆက်ကြေးကောက် ခံ ခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ် ကာမိုင်းနယ်မြေစခန်း၏ အနောက်မြောက် မိုးကောင်း-ကာမိုင်း၊ ဖားကန့် ကားလမ်း၌ နံနက် ၁၀ နာရီခန့်တွင် KIA အဖွဲ့များ က ဖြတ်သန်း သွားလာ နေသော ယာဉ်များအား တစ်စီးလျှင် ကျပ်(၂၀၀၀၀)၊ (၃၀၀၀၀)၊ (၅၀၀၀၀)နှုန်းဖြင် ဆက်ကြေးကောက်ခံ ခဲ့ခြင်းဖြစ်သည်။
ဆက်ကြေးကောက်ခံမှုကြောင့် ဖားကန့်မှ အဆင်းယာဉ်များသည် နန့်တိန်း တွင် လည်း ကောင်း၊ ဖားကန့်ဘက်သို့ အတက်ယာဉ်များသည် နမ့်ယားကျေး ရွာတွင် လည်းကောင်း ရပ်တန့်လျက်ရှိပြီး မွန်းလွဲ ၂ နာရီခွဲတွင် KIA အဖွဲ့သည် လမ်း၏ တောင်ဘက်သို့ ထွက်ခွာသွားပြီး ယာဉ်များ ပုံမှန်သွားလာလျက် ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဖားကန့်မြို့နယ် မိုးကောင်း-ကာမိုင်း-ဖားကန့် ကားလမ်း၌ KIA အဖွဲ့မှ ဆက်ကြေးကောက်
Reviewed by THITHTOOLWIN
on
22:07
Rating:
