ဖားကန့် - ကာမိုင်း လမ်းပေါ် KIA နှင့် ထိတွေ့မှုဖြစ်၊ ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်


နိုဝင်ဘာ ၂၂၊ ၂၀၁၆

နိုဝင်ဘာလ ၂၂ ရက်၊ နံနက် ၉ နာရီ ၅၀ မိနစ် တွင် ဖားကန့် - ကာမိုင်း လမ်းမပေါ်ရှိ ကပ်မှော်ဇွပ် ကျေးရွာအုပ်စု ဂေါ့လူယန်ကျေးရွာနှင့် တံတားညီနောင်ကျေးရွာကြား၌ လမ်းလုံခြုံရေးဆောင်ရွက်နေသော တနိုင်း တပ်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA လက်နက်ကိုင် အဖွဲ့တို့ ထိတွေ့မှု ဖြစ်ပွားခဲ့သည်။

 အဆိုပါထိတွေ့မှုဖြစ်စဉ်ကြောင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ဖားကန့် အတက်/ အဆင်းယာဉ်များကို နန့်ယားကျေးရွာနှင့် နန့်တိန်းကျေးရွာကြားတွင် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ခေတ္တတားဆီးထားခဲ့ရပြီး နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ထိတွေ့တိုက်ခိုက်မှု ပြီးဆုံးသွားခဲ့သည့်အတွက် ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်းနှင့် နှစ်ဘက်ထိခိုက်မှုမရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
ဖားကန့် - ကာမိုင်း လမ်းပေါ် KIA နှင့် ထိတွေ့မှုဖြစ်၊ ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်  ဖားကန့် - ကာမိုင်း လမ်းပေါ် KIA နှင့် ထိတွေ့မှုဖြစ်၊ ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင် Reviewed by THITHTOOLWIN on 17:53 Rating: 5
Powered by Blogger.