ရှမ်းမြောက် မုံးကိုးဒေသတွင် အစိုးရနဲ့ KIA တိုက်ပွဲ ပြင်းထန်နေ

၁၀၅မိုင်တိုက်ပွဲ တပ်မတော်ဘက်အနေအထား ။  ဓါတ်ပုံ - SaiSai KhamKham
November 20, 2016/ KNG

ယနေ့မနက် ၂ နာရီခွဲမှ စပြီး ရှမ်းမြောက် မုံးကိုး နေရာအနှံမှာ အစိုးရတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တို့ကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။

အစိုးရဘက် တပ်မ ၉၉ အဖွဲ့များ ဖြစ်ပါတယ်။ အခုချိန်ထိ သေနတ်သံ မြည်နေဆဲ ဖြစ်တယ်။

တိုက်ပွဲ ကြောင့် ဒေသခံ ပြည်သူတွေ မည်သည့်အခြေအနေ ရှိနေကြောင်းကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။

လွန်ခဲ့တဲ့ အပတ်အတွင်းမှာဘဲ မုံးကိုး ဒေသကို တပ်မတော်က 'ညမထွက်ရ' အမိန့်ထုတ်ပြီး တစ်ပတ်ခန့် အုပ်ချုပ်ခဲ့ပြီး ဖြစ်တယ်။

ဒါ့အပြင် မုံးကိုးနဲ့ နယ်ခြား စည်းသာခြားတဲ့ တရုတ်ပြည် မန်ဟိုင်း က KIO ရုံး ၂ ခုကိုလည်း နိုဝင်ဘာ ၁၇ ရက်နေ့က တရုတ်အစိုးရ ညွန်ကြားချက်နဲ့ ရုပ်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။

Kachin News Group
https://www.facebook.com/theKachinNews


ရှမ်းမြောက် မုံးကိုးဒေသတွင် အစိုးရနဲ့ KIA တိုက်ပွဲ ပြင်းထန်နေ  ရှမ်းမြောက် မုံးကိုးဒေသတွင် အစိုးရနဲ့ KIA တိုက်ပွဲ ပြင်းထန်နေ Reviewed by THITHTOOLWIN on 08:36 Rating: 5
Powered by Blogger.