ဖားကန့်မြို့ ရတနာရောင်ခြည် ကုမ္ပဏီအား KIA ယူနီဖောင်းဝတ် အဖွဲ့က ဗုံးခွဲ မီးရို့


နိုဝင်ဘာ ၂

ဖားကန့်မြို့ ယူမာကုန်းအရပ်ရှိ ရတနာရောင်ခြည် ကုမ္ပဏီဝင်းအား ယနေ့ညနေ ခြောက်နာရီ ငါးဆယ် မိနစ် အချိန်တွင် KIA ယူနီဖောင်းဝတ် အဖွဲ့က လာရောက် ဗုံးခွဲပြီး မီးရို့သွားခဲ့ကြောင်း ဖားကန့်မြို့ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ သုံးယောက်လာတာ။ ကောင်မလေးတစ်ယောက်ပါတယ်လို့ပြောတယ် ။ သူတို့က၀င်လာပြီး အကုန်လုံးကို မှောက်ခိုင်းတယ် ။ သေနတ်တွေပါတယ်။ ငှက်ပျောဖူး သေနတ်လည်းပါတယ်။ KIA ယူနီဖောင်းတွေနဲ့လို့ပြောတယ်။ ပြီးတော့ ဗုံးခွဲပြီး မီးရို့သွားတာ။ အခုတော့ သူတို့မရှိတော့ဘူး။ ထွက်ပြေးသွားကြပြီ ။ စစ်တပ်တွေလည်း ရောက်နေတယ်။ တပ်မမူးကိုယ်တိုင်ရောက်နေတယ်။” ဟု အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသော အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးကယနေ့ ည ရှစ်နာရီအချိန်ခန့်ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။

မိုင်းဖြင့် ဖောက်ခွဲကာ မီးရို့သွားခြင်းဖြစ်ပြီး လက်တလောတွင် ကုမ္ပဏီကားနှစ်စီး နှင့် စက်ပစ္စည်းများမီးလောင်ကာ တာယာဂိုဒေါင်မှာလည်း မီးလောင်လျှက်ရှိပြီး ဘက်ဟိုးများ မီးသတ်ကားများဖြင့် ဆက်လက် ငြိမ်းသတ်လျှက်ရှိကြောင်း ၉ နာရီ ၄၅ မိနစ်အချိန် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

“ အုန်း အုန်းနဲ့ တစ်မြို့လုံးဆူညံ့သွားတာ ။ မြို့ထဲကနေလည်း မြင်နေရတယ်။” ဟု ဖားကန့်မြို့ မြို့မ ရပ်ကွက်မှ ပြည်သူတစ်ဦးကပြောကြားသည်။

ဖားကန့်မြို့မ ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ မီးလောင်မူဖြစ်စဉ်မှန်ကန်သော်လည်း ဖြစ်စဉ် အသေးစိပ်ကို သတင်းတပ်ဖွဲ့များ ရောက်ရှိမလာသေးသဖြင့် ပြောကြား၍ မရကြောင်းနှင့် မည်သည့်အဖွဲ့အစည်းမှ ယခုကဲ့သို့ ဆောင်ရွက်သည်ဆိုသည်မှာလည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ပြန်လည်ပြောကြားသည်။

ယခုဖြစ်စဉ်ကြောင့် အသက်အန္တရာယ် ကြုံတွေ့ခြင်းမရှိခဲ့သော်လည်း ကုမ္ပဏီဝန်ထမ်းအချို့ ရိုက်နှက်ခံခဲ့ရကြောင်းလည်းသိရသည်။

ဓါတ်ပုံ - ဖားကန့်မြို့နယ် ရတနာရောင်ခြည် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီမီးရို့ခံရမူအား ငြိမ်းသတ်နေမူ မြင်ကွင်းများ

The Voice of Shan-Ni
ဖားကန့်မြို့ ရတနာရောင်ခြည် ကုမ္ပဏီအား KIA ယူနီဖောင်းဝတ် အဖွဲ့က ဗုံးခွဲ မီးရို့ ဖားကန့်မြို့ ရတနာရောင်ခြည် ကုမ္ပဏီအား KIA ယူနီဖောင်းဝတ် အဖွဲ့က ဗုံးခွဲ မီးရို့ Reviewed by THITHTOOLWIN on 03:22 Rating: 5
Powered by Blogger.