မော်တောင်းနှင့်တာလုံကြားမှာ ယာဉ်များအား KIA / TNLA အဖွဲ့များမှ လမ်းပိတ်ဆို့ဖျက်ဆီး

  မော်တောင်းနှင့်တာလုံကြားတစ်ဝိုက်၌ သွားလာလျက်ရှိသည့် ယာဉ်များအား KIA / TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များမှ လမ်းပိတ်ဆို့ဖျက်ဆီး
နေပြည်တော်၊ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာနှင့် တာလုံကျေးရွာကြားတစ်ဝိုက်၌ သွားလာလျက်ရှိသည့် ယာဉ်ကြီး/ယာဉ်ငယ် ၁၀၀ စီးခန့်အား ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် KIA / TNLA အကြမ်းဖက်သောင်းကျန်းသူများပူးပေါင်းအဖွဲ့ အင်အား ၇၀ ဦးခန့်က လမ်းကြောင်းပိတ်ဆို့တားဆီးပြီး ယာဉ်မောင်းများအား ရိုက်နှက်ခြိမ်းခြောက်ခြင်း၊ ယာဉ်အချို့၏ ရှေ့လေကာမှန်များအား ရိုက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများက အဆိုပါနေရာအား သွားရောက် ရှင်းလင်းခဲ့ရာ ရန်သူသည် အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

တပ်မတော်စစ်ကြောင်းများမှ လမ်းကြောင်းပိတ်ဆို့နေသည့်ယာဉ်များအား သွားရောက်ရှင်းလင်းဆောင်ရွက်ခဲ့ပြီး အဆိုပါဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
မော်တောင်းနှင့်တာလုံကြားမှာ ယာဉ်များအား KIA / TNLA အဖွဲ့များမှ လမ်းပိတ်ဆို့ဖျက်ဆီး   မော်တောင်းနှင့်တာလုံကြားမှာ ယာဉ်များအား KIA / TNLA အဖွဲ့များမှ လမ်းပိတ်ဆို့ဖျက်ဆီး Reviewed by THITHTOOLWIN on 22:54 Rating: 5
Powered by Blogger.