KIA၊ TNLA လက်နက်ကိုင်အဖွဲ့များမှ တပ်မတော်ယာဉ်တန်းအား ဆွဲမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
နိုဝင်ဘာ ၂၃၊ ၂၀၁၆

မူဆယ်ခရိုင်အတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် တပ်မတော်စစ်ကြောင်း လုံခြုံရေးယာဉ်တန်းအား နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၁၂နာရီခွဲခန့်တွင် သိန်းနီမြို့နယ် မန်ပိန်းကျေးရွာအနီးရောက်ရှိစဉ် KIA၊ TNLA လက်နက်ကိုင်အဖွဲ့များမှ ယာဉ်တန်းအား ဆွဲမိုင်းတစ်လုံးဖောက်ခွဲ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်လာခဲ့သည်။

ထိုသို့ ပစ်ခတ်မှုကြောင့်တပ်မတော်လုံခြုံရေးစစ်ကြောင်းမှ ပြန်လည် ပစ်ခတ် ရှင်းလင်းခဲ့ရာ လက်နက်ကိုင် အဖွဲ့များသည် မူဆယ်မြို့ အနောက်ဘက်သို့ ဆုတ်ခွာသွားသည်။

ယာဉ်တန်းသည် ညနေ ၄ နာရီခွဲတွင် ကွတ်ခိုင်မြို့နယ် မန်လွင် ကျေးရွာအနီးသို့ ရောက်ရှိစဉ် ရီမု မိုင်းတစ်လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်တစ်စီး မိုင်းစထိမှန်ပျက်စီးခဲ့ရပြီး တပ်မတော်အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထိုနယ်မြေတစ်ဝိုက် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ