KIA/ TNLA လက်နက်ကိုင် အဖွဲ့များ မူဆယ်မြို့မ ရဲစခန်းသို့ လာရောက် ပစ်ခတ်


နိုဝင်ဘာ ၂၂၊၂၀၁၆

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မရဲစခန်းသို့ နိုဝင်ဘာ ၂၁ ရက် ည ၉ နာရီတွင် KIA/ TNLA လက်နက်ကိုင်အဖွဲ့သည် ၄၀ မမ ၁ လုံး၊ လက်နက်ငယ် ၇ ချက်ဖြင့် အဝေးမှ လာရောက် ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ် ရှင်းလင်းခဲ့ရာ KIA/ TNLA လက်နက်ကိုင် အဖွဲ့များသည် ပြန်လည် ဆုတ်ခွာသွားသည်။

ဖြစ်စဉ်ဖြစ်ပွားမှုကြောင့် လူနှင့် အဆောက်အဦများ ထိခိုက်မှု မရှိကြောင်းနှင့် နယ်မြေခံ တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မြို့ အဝင်/ အထွက် နေရာများ၊ လှည့်ကင်း များဖြင့် စနစ်တကျ စစ်ဆေး ရှာဖွေ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee


KIA/ TNLA လက်နက်ကိုင် အဖွဲ့များ မူဆယ်မြို့မ ရဲစခန်းသို့ လာရောက် ပစ်ခတ် KIA/ TNLA လက်နက်ကိုင် အဖွဲ့များ မူဆယ်မြို့မ ရဲစခန်းသို့ လာရောက် ပစ်ခတ် Reviewed by THITHTOOLWIN on 16:51 Rating: 5
Powered by Blogger.