KIA၊ TNLA နှင့် MNDAA လက်နက်ကိုင်ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ယာဉ်မောင်းပြည်သူတစ်ဦး သေဆုံး


နိုဝင်ဘာ ၂၂၊ ၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသတွင် KIA၊ TNLA နှင့် MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များ၏ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူများ ထိခိုက်နစ်နာ သေဆုံးခဲ့ရမှုများကို အချိန်နှင့် တပြေးညီ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။


နိုဝင်ဘာ ၂၂ ရက်၊ ၀၈၀၀ နာရီအချိန်တွင် နမ့်ခိုင်မှ ကွတ်ခိုင်သို့ ထွက်ခွာလာသော ယာဉ်ကြီး/ ယာဉ်ငယ် (၁၈) စီးသည် ယာဉ်မောင်းများမရှိဘဲ ရပ်တန့်ထားပြီး ယာဉ်များသွားလာ၍မရအောင် ပိတ်ဆို့ထားကြောင်း သတင်းရရှိသဖြင့် တပ်မတော် စစ်ကြောင်းမှ သွားရောက်ရှင်းလင်းခဲ့ရာ KIA၊ TNLA နှင့် MNDAA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ၏ ရက်စက်စွာ ပစ်ခတ်မှုကြောင့် အသက် ၄၂ နှစ် ခန့်ရှိ၊ အပြစ်မဲ့ ယာဉ်မောင်း အမျိုးသားတစ်ဦး (အမည်နှင့် နေရပ် စိစစ်ဆဲ) သည် ၁၂ ဘီး (Nissan) ယာဉ် အမှတ် 7F/6289 ယာဉ်ဦးခန်းပေါ်တွင် နှဖူးကျည်ဆံဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးလျက်ရှိကြောင်း တွေ့ရှိရသည်။


အတင်းအကြပ်ပိတ်ဆို့ရပ်တန့်ထားခြင်းခံရသည့် ယာဉ်များအနက် အချို့ယာဉ်များ၏ ကားမှန်များကို ရိုက်ခွဲခြင်းများအပါအဝင် ယာဉ်များအား ဖျက်ဆီးမှုများပြုလုပ်ထားကြောင်းတွေ့ရှိရပြီး လမ်းပေါ်တွင် ယာဉ်များ သွားလာရဲခြင်းမရှိစေရန်နှင့် ပြည်သူလူထု ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ