![]() |
တပ်မတော်လုံခြုံရေးစခန်းကုန်းများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်
|
မူဆယ်မြို့နယ် မုံးကိုးမြို့ ရပ်ကွက် (၃)ရှိ တပ်စခန်းကုန်းများအား KIA၊ TNLA၊ MNDAA လက်နက်ကိုင်အဖွဲ့များက နိုဝင်ဘာ ၂၂ရက် မွန်းလွဲ ၁နာရီတွင် လက်နက် ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ကြောင့် တပ်မတော်စစ်ကြောင်းများမှ ပြန်လည် ပစ်ခတ်ရှင်းလင်းခဲ့သည်။
အလားတူ မုံးကိုးမြို့ အနောက်တောင်ဘက် မန်ကန်(မုံးကိုး)ကျေးရွာအနီး တောင်ကြော ကုန်းနေရာများရှိ KIA၊ TNLA၊ MNDAA လက်နက်ကိုင်အဖွဲ့များကို တပ်မတော် လေကြောင်းမှ ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်းသိရသည်။
ထို့အပြင် ည၁၀နာရီ မိနစ်၂၀ခန့်တွင် ကွတ်ခိုင်မြို့ ရပ်ကွက် (၂) ဘောလုံးကွင်း အနီးရှိတောစပ်နေရာမှ ၆၀ မမဟု ယူဆရသည့် လက်နက်ကြီးဖြင့် လာရောက် ပစ်ခတ်ခဲ့ရာ တပ်မတော်မှ ပြန်လည်ပစ်ခတ် နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့သည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
မုံးကိုးမြို့ ရှိ တပ်စခန်းများကို KIA၊ TNLA၊ MNDAA တိုက်ခိုက်
Reviewed by THITHTOOLWIN
on
19:10
Rating:
