စင်ကာပူနိုင်ငံသို့ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား စင်ကာပူနိုင်ငံ Istana သမ္မတအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့နှင့်ကြိုဆို

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စင်ကာပူဝန်ကြီးချုပ်တို့ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးစဉ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား စင်ကာပူနိုင်ငံ Istana သမ္မတအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့မှ အလေးပြုမှုခံယူစဉ်
(၃၀-၁၁-၂၀၁၆ ရက်နေ့၊ စင်ကာပူမြို့)

စင်ကာပူနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ယနေ့ ဒေသစံတော်ချိန် ၁၇း၃၀ နာရီတွင် Istana သမ္မတအိမ်တော်၌ စင်ကာပူနိုင်ငံ ၀န်ကြီးချုပ် မစ္စတာလီရှန်လွန်းမှ အခမ်းအနားနှင့် ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စင်ကာပူနိုင်ငံ ၀န်ကြီးချုပ်တို့သည် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မြှင့်တင်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စင်ကာပူဝန်ကြီးချုပ်တို့ အား နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် တွေ့ရစဉ်
ထိုသို့တွေ့ဆုံရာတွင် စင်ကာပူနှင့် မြန်မာနှစ်နိုင်ငံ အကြားစင်ကာပူ-မြန်မာအသက်မွေးပညာသင်ကျောင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာအား သုံးနှစ်သက်တမ်းတိုးမြှင့်သွားရေးကိစ္စ၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်းမှုများ စတင်ဆောင်ရွက်သွားရေးကိစ္စ၊ နှစ်နိုင်ငံအကြား ၁၉၉၉ ခုနှစ်က လက်မှတ်ထိုးခဲ့သည့် အခွန်နှစ်ထပ်ပေးဆောင်မှုရှောင်ရှားရေးသဘောတူစာချုပ်အား ပြင်ဆင်ရေး ဆွဲနိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်းမှုများ စတင်ဆောင်ရွက်ရေးကိစ္စ နှင့် စင်ကာပူလေကြောင်းလိုင်းအား ပျံသန်းမှုရာသီတစ်ခုအတွက် (၆)လခန့် စမ်းသပ်ပြေးဆွဲရေးကိစ္စတို့အပေါ်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ စင်ကာပူနိုင်ငံအစိုးရအဖွဲ့ဝင်များမှ နှုတ်ခွန်းဆက်ကြိုဆို
Istana သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံစဉ်
ထို့နောက် ဒေသစံတော်ချိန် ၁၈း၃၀ နာရီအချိန်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား စင်ကာပူ ၀န်ကြီးချုပ်က Istana သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

သတင်းဓာတ်ပုံ- မြန်မာသံရုံး၊ စင်ကာပူမြို့
- ပြန်/ဆက် ဌာန
https://www.facebook.com/mofamyanmar/


စင်ကာပူနိုင်ငံသို့ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား စင်ကာပူနိုင်ငံ Istana သမ္မတအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့နှင့်ကြိုဆို  စင်ကာပူနိုင်ငံသို့ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား စင်ကာပူနိုင်ငံ Istana သမ္မတအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့နှင့်ကြိုဆို Reviewed by THITHTOOLWIN on 19:54 Rating: 5
Powered by Blogger.