အင်ဒိုနီးရှားက သံသယဖြစ်ဖွယ် ISIS စစ်သွေးကြွများကို နှိမ်နင်းမည့် စစ်ဆင်ရေးများ တိုးမြှင့်ပြုလုပ်


ဂျကာတာ ၊ ၂၅-၁၁-၂၀၁၆

အင်ဒိုနီးရှားနိုင်ငံ မှ အမှတ်(၈၈) အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့သည် ဆီးရီးယား နိုင်ငံတွင် လက်ရှိ နေထိုင်သည့် အင်ဒိုနီးရှား စစ်သွေးကြွ ဘာရမ်နိုင်း နှင့် ပတ်သက် ဆက်နွှယ်မှု ရှိသည့် စစ်သွေးကြွ များအား နှိမ်နင်းမည့် စစ်ဆင်ရေးများကို တိုးမြှင့်ပြုလုပ် လျက်ရှိကြောင်း ဒေသတွင်း သတင်းဌာန က နိုဝင်ဘာ ၂၄ ရက်တွင် ဖော်ပြ ထားသည်။

ကိုရမ်ကျမ်းစာ ကို စော်ကားသည် ဟူသော ဂျကာတာမြို့တော် အုပ်ချုပ်ရေးမှူး ၏ မှတ်ချက်ပြု ပြောကြားချက် များကို ကန့်ကွက်ရန် မူဆလင် အဖွဲ့များက ဆန္ဒပြမှုကြီးများ ပြုလုပ်ပြီး နောက်ပိုင်းတွင် အဆိုပါ စစ်ဆင်ရေး များကို ပြုလုပ်ခြင်း ဖြစ်သည်။

စစ်သွေးကြွ များသည် နောက်ထပ် ရက်သတ္တပတ် အနည်းငယ် ကြာသည်အထိ ဆက်လက် ပြုလုပ်မည့် ဆန္ဒပြမှုများ အတွင်း တိုက်ခိုက်မှုများ ပိုမိုပြုလုပ် နိုင်ဖွယ်ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် အသက် ၂၃ နှစ်အရွယ်ရှိ ရီယိုပရီ အက်တနာဝီဘာဝါ ကို အနောက်ဂျာဗား ပြည်နယ် မာဂျာလန်ကာ မြို့ရှိ ၄င်း၏ နေအိမ်၌ ဖောက်ခွဲရေး ပစ္စည်း ပြုလုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်း များနှင့်အတူ နိုဝင်ဘာ ၂၃ ရက်တွင် ဖမ်းဆီး နိုင်ကြောင်း သိရသည်။

ရီယို သည် ယခုနှစ် အတွင်း နိုင်ငံ၌ ဖြစ်ပွားသော အကြမ်းဖက် တိုက်ခိုက်မှု အများအပြား ကိုကြိုးကိုင်သည့် ISIS စစ်သွေးကြွ ဘာရမ်နိုင်း နှင့် ဆက်နွှယ်မှု ရှိသူ ဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် မှပြောရေး ဆိုခွင့်ရှိသူ ဘွိုင်းရက်ဖ်လီ အာမာ က ပြောသည်။

အင်ဒိုနီးရှား နိုင်ငံသား ၅ဝဝ ကျော်သည် ISIS စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်းရန် လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ဆီးရီးယားနိုင်ငံ သို့ ထွက်ခွာ သွားကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
အင်ဒိုနီးရှားက သံသယဖြစ်ဖွယ် ISIS စစ်သွေးကြွများကို နှိမ်နင်းမည့် စစ်ဆင်ရေးများ တိုးမြှင့်ပြုလုပ်  အင်ဒိုနီးရှားက သံသယဖြစ်ဖွယ် ISIS စစ်သွေးကြွများကို နှိမ်နင်းမည့် စစ်ဆင်ရေးများ တိုးမြှင့်ပြုလုပ် Reviewed by THITHTOOLWIN on 13:24 Rating: 5
Powered by Blogger.