အထူးဒေသ-၂ မိုင်းဖျန်မှ တာချီလိတ်သို့သယ်ဆောင်လာသည့် ကျပ်သိန်း ၂၅၀၀တန်ဖိုးရှိ ICE မူးယစ် ဆေးများဖမ်းဆီးရမိ


ကျိုင်းတုံ နိုဝင်ဘာ ၎

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့တွင် တန်ဖိုးငွေကျပ်သိန်း ၂၅၀၀တန်ဖိုးရှိ ICE မူးယစ်ဆေးများ ယနေ့ မွန်းလွဲ(၁)နာရီ ကဖမ်းဆီးရမိကြောင်း သိရသည်။

 ဖြစ်စဉ်မှာ အမှတ်(၂၈)ကျိုင်းတုံ မူးယစ်တပ်ဖွဲ့မှ ရဲအုပ်ဇော်ဇော်ဝင်း ဦးစီးပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့မွန်းလွဲ (၁)နာရီက ကျိုင်းတုံမြို့အမှတ်(၅)ရပ်ကွက် နောင်ဖာရဲကင်းရှေ့၌ သတင်းအရ စောင့်ဆိုင်း နေစဉ် မိုင်းယန်း-မိုင်းခတ်-ကျိုင်းတုံ လမ်းအတိုင်းယာဉ်မောင်း စိုင်းလှအွန် မောင်းနှင်သည့် ပရိုဘောက်ယာဉ်အမျိုး အစား (SHAN-FF/……) ကိုစစ်ဆေးရာ ယာဉ်၏ ၀ဲဖက်တံခါးအတွင်း သိုဝှက်သယ်ဆောင်လာသည့် တစ်ထုပ်လျင် (၁)ကီလိုပါ ICE မူးယစ်ဆေးဝါး(၁၀)ထုပ် ဒေသတန်ဖိုး ကျပ်သိန်း(၂၅၀၀)နှင့် တရုတ်ယွမ်ငွေ (၁၀၀၀)ကို ဖမ်းဆီးရမိသည်။


အဆိုပါမူးယစ်ဆေးများကို အထူးဒေသ-၂ မိုင်းဖျန်မြို့ မှ တာချီလိတ်သို့ သယ်ဆောင်ခ ထိုင်းဘတ်ငွေ နှစ်သိန်း ခွဲဖြင့်သယ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ယမန်နေ့ညက မိုင်းဖျန်ရှိဟိုတယ် တစ်ခုတွင် သယ်ဆောင်ခိုင်း သူနှင့်အတူ ICE များကိုယာဉ်၌ သိုဝှက်ထားပြီး ယနေ့နံနက်(၆)နာရီခွဲတွင် မိုင်းဖျန်မှ ထွက်လာခြင်းဖြစ်ကြောင်း၊ သယ်ဆောင်ခိုင်းသူမှာ တာချီလိတ်သို့ သွားနှင့်ပြီ ဖြစ်ကြောင်း စစ်ဆေး သိရပြီး ယာဉ်မောင်းစိုင်းလှအွန် အား ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

မောင်မောင်နိုင် (ကျိုင်းတုံပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အထူးဒေသ-၂ မိုင်းဖျန်မှ တာချီလိတ်သို့သယ်ဆောင်လာသည့် ကျပ်သိန်း ၂၅၀၀တန်ဖိုးရှိ ICE မူးယစ် ဆေးများဖမ်းဆီးရမိ  အထူးဒေသ-၂ မိုင်းဖျန်မှ တာချီလိတ်သို့သယ်ဆောင်လာသည့် ကျပ်သိန်း ၂၅၀၀တန်ဖိုးရှိ ICE မူးယစ် ဆေးများဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 23:27 Rating: 5
Powered by Blogger.