HYUNDAI မော်တော်ယာဉ် ယာဉ်မောင်းအိပ်ငိုက်ပြီး ESE EXPRESS ခရီးသည်တင်ယာဉ်အား ၀င်တိုက်


နေပြည်တော် နိုဝင်ဘာ ၁၅

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ဘောနက်ကြီး အမြန်လမ်း ရဲတပ်ဖွဲ့ပိုင်၊ မိုင်တိုင်အမှတ် ၄၀/၀ နှင့် ၄၀/၁ အကြား နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း အောင်ကျော်စိုး မောင်းနှင်လာသော HYUNDAI မော်တော် ယာဉ်သည် ယနေ့နံနက် ၅နာရီခွဲက ယာဉ်မောင်းငိုက်ပြီး ရှေ့မှ ESE EXPRESS ခရီးသည်တင်ယာဉ် ၀ဲဘက်နောက်ပိုင်းအား ၀င်တိုက်မိပြီး ရပ်တန့်သွားခဲ့သည်။

ဖြစ်စဉ်ကြောင့် ခရီးသည်တင် Express ကားပေါ်ပါရှိသူ (၄၆)ဦးမှာ ထိခိုက် ဒဏ်ရာရရှိမှု မရှိသော်လည်း HYUNDAI ယာဉ်ပေါ်ပါ (၁၆)ဦးအနက် အမျိုးသမီး (၁)ဦး သေဆုံးပြီး၊ အမျိုးသား (၁)ဦး၊ အမျိုးသမီး(၈)ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။


ထို့ပြင် ယနေ့နံနက် ၆နာရီ ၁၅မိနစ်က ဗောဓိကုန်း အမြန်လမ်းရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၁၃၈/၁ နှင့် ၁၃၈/၂ အကြား ရန်ကုန်ဘက်မှ နေပြည်တော် ဘက်သို့ ယာဉ်မောင်း တင်ဇော်လတ် မောင်းနှင်း လာသော ပရိုဘောက် ယာဉ်မှာ ရှေ့ဘီးပေါက်ပြီး လမ်းလယ် ကပ်တုံးအား တိုက်မိတိမ်းမှောက် ခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ (၃) ဦးအနက် အမျိုးသား(၂)ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်များကြောင့် ယာဉ်ကိုမဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သော ယာဉ်မောင်းများအား သက်ဆိုင်ရာ အမြန်လမ်း ရဲတပ်ဖွဲ့စခန်းများက အမှုဖွင့်အရေးယူ ထားကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ သိရသည်။

သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ၊ အမြန်လမ်း ရဲတပ်ဖွဲ့
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
HYUNDAI မော်တော်ယာဉ် ယာဉ်မောင်းအိပ်ငိုက်ပြီး ESE EXPRESS ခရီးသည်တင်ယာဉ်အား ၀င်တိုက် HYUNDAI မော်တော်ယာဉ် ယာဉ်မောင်းအိပ်ငိုက်ပြီး ESE EXPRESS ခရီးသည်တင်ယာဉ်အား ၀င်တိုက် Reviewed by THITHTOOLWIN on 18:19 Rating: 5
Powered by Blogger.