နေပြည်တော် နိုဝင်ဘာ ၁၈
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဇီးပင်သာ အမြန်လမ်းရဲစခန်းအပိုင် မိုင်တိုင်အမှတ်၁၅၀/၆နှင့် ၁၅၀/၇ အကြား ယာဉ်မောင်း စောမောနီးထူး မောင်းနှင်လာသော ဘုရားဖူး ယာဉ်သည် ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်က ၀ဲဘက်ရှေ့ဘီးပေါက်၍ အရှိန်မထိမ်းနိုင်ဘဲ လမ်းပေါ်သို့တိမ်းမှောက်၍ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်ယာဉ်မောင်းပါ ၁၆ဦးအနက် ယာဉ်မောင်း စောမောနီးထူးမှာ နေရာတွင်မီးလောင်သေဆုံးသွားခဲ့ပြီး အမျိုးသား လေးဦး အမျိုးသမီး ငါးဦး ပေါင်း ၉ ဦးဒဏ်ရာ(မစိုးရိမ်ရ)ရရှိသွားကြောင်းအမြန် လမ်း ရဲတပ်ဖွဲ့မှသိရသည်။
သို့ပါ၍ ဇီးပင်သာအမြန်လမ်းရဲစခန်းမှ ယာဉ်(ပ)၃၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄/၃၃၇/၃၃၈/၂၈၅ အရအရေးယူ အမှုဖွင့်ထားကြောင်းသိရသည်။
သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ (အမြန်လမ်းရဲတပ်ဖွဲ့)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အမြန်လမ်းတွင် Hilux ယာဉ်တိမ်း မီးလောင်ကျွမ်း
Reviewed by THITHTOOLWIN
on
16:56
Rating:
